Samsung Galaxy A7 SM-A700FD Android 6.0.1 ဗားရှင်း Root လုပ်နည်း
Samsung Galaxy A7 SM-A700FD Android 6.0.1 ဗားရှင်းအတွက်
Root လုပ်နည်းကို ညောင်ဝိုင်းသားလေး ပို့ပေးထားတာလေးကို တင်ပေးလိုက်ပါတယ်။
Galaxy A7 SM-A700FD ဖုန်းတွက် Update Version ဖြစ်တဲ့ Android 6.0.1 ကို
ကျနော်တင်ပေးလိုက်တဲ့နေ့မှာပဲ ညောင်ဝိုင်းသားက ဆရာ ဆွဲလိုက်တော့မယ်ဆိုပြီး
ပြောလာလို့ ဆွဲလိုက်တော့ ဆိုပြီး စကားစမြည်ပြောဖြစ်ကြရင်းကနေ သူ့အလုံးကို
သူကိုယ်တိုင်ပဲ အဲဒီနေ့မှာ Root ဖောက်ပြီး မြန်မာစာ ထည့်ကြည့်လိုက်တာပဲဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမတုန်းဆရာ
Firmware ရေးပြီးရင်တော့ Custom Recovery ထည့်သွင်းပြီး Supersu.zip ဖြင့်
ဆွဲလိုက်တော့ င့ါကောင်လို့ ကျနော် အကြံပေးလိုက်တယ်။

လင့်ချပေးပါလား ဆရာ-
Galaxy A7 SM-A700FD ဖုန်းအတွက် နောက်ဆုံးအဖြစ် ထွက်ရှိထားတဲ့ TWRP ဖိုင်ကိုရှာ
ပြီးရင် BETA-SuperSU-v 2.68 ကိုလိုက်ရှာပြီး ဒေါင်းလော့ယူထား ပြီးရင် ဆွဲစီးလိုက်တော့။
ပေါက်ပြီဆရာ မြန်မာစာဘာနဲ့ထည့်

Zawgyi 3.1 လား
Zawgyi 3.0 လား
Zawgyi 3.0 လား
၁။ ကီးဘုတ်ကို အရင် ထည့် (ကိုယ်ကြိုက်နှစ်သက်တာကို ထည့်)
၂။ TotalSolution 3.0 ZawgyiBase နှင့်
Zawgyi_Font_For_Lollipop_Marshmallow တစ်ခုခုကိုထည့်
ငါ recommand ပေးချင်တာကတော့ TotalSolution 3.0 ZawgyiBase ပဲကွာ

ရပြီဆရာ ဖောင့်စတိုင်နည်းနည်း အလှပြင်ရုံပဲ
အဆင်ပြေသွားပြီ Good night sir
အဆင်ပြေသွားပြီ Good night sir
ဆရာတပည့် Message Box မှ ပြောထားကြတဲ့ Practical လေးပါ
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။
၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။
၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်းကိုတော့
အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ
လိုအပ်ချက်များ
==========
၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်
၂။ BETA-SuperSU-v 2.68 ဖြစ်နေရပါမယ်
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

ပိုစ့်ပို့ပေးလာသူ
ဇော်မျိုးနိုင် (ညောင်ဝိုင်းသား)
Creation by ဇူးနစ်
Samsung Galaxy A7 SM-A700FD Android 6.0.1 ဗားရှင်း Root လုပ်နည်း
Reviewed by ဇူးနစ်
on
3:21 PM
Rating:

No comments: