Samsung Galaxy A8 SM-A800F ဖုန်းအတွက် Android 6.0.1 Marshmallow update ရယူနိုင်ပြီ
Samsung Galaxy A8 SM-A800F ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
Android 6.0.1 Marshmallow update ဗားရှင်းကို Rolling out စနစ်ဖြင့် ရယူနိုင်ပြီ
Features များအသစ်နဲ့ နောက်ဆုံးထွက်ဆိုတာမှ ကြိုက်နှစ်သက်တတ်တဲ့ ဘော်ဒါတွေကတော့
ဒီ Marshmallow ကိုတော့ လုံးဝအကြိုက်တွေ့ကြမှာပဲဖြစ်ပါတယ်၊ Official မှ တိုက်ရိုက်ချပေး
လာတာဖြစ်တဲ့အတွက် အုံးစားစရာမလိုပဲ မိမိဖုန်းမှာတင် အလွယ်တကူ Upgrade ပြုလုပ်ယူနိုင်ပါပြီ။

Galaxy A8 ဖုန်းအတွက် လက်ရှိပေးနေတဲ့ ဗားရှင်းကို တင်ယူနိုင်မယ့်
ဖုန်းကတော့ SM-A800F ဖြစ်ပါတယ်။ မိမိဖုန်းအတွက် ဒီဗားရှင်းက တိုက်ရိုက်
တင်ယူဖို့ ပေးနေပြီလားသိချင်ရင်တော့ System Info ကို စစ်ကြည့်ပါ။
ဒီအတွက် ဖုန်းမှ Settings > About Phone > System updates ဆိုပြီး
ဒီအတွက် ဖုန်းမှ Settings > About Phone > System updates ဆိုပြီး
တစ်ချက်ချင်းနှိပ်ပြီး သွားလိုက်ပါ Marshmallow 6.0.1 Update ဆိုပြီး
မြင်နေရရင်တော့ သင့်ဖုန်းကို Marshmallow 6.0.1 ဗားရှင်း တင်ယူနိုင်ပါပြီ။
မှတ်ချက်။ မိမိဖုန်းအတွက် ဒီဗားရှင်းက တိုက်ရိုက် တင်ယူဖို့ Wi-Fi အင်တာနက် လိုပါမည်။
ဘက်ထရီအား အနည်းဆုံး 75% လောက်ရှိသင့်ပါတယ်၊ Upgrade မပြုလုပ်မှီ မိမိဖုန်းကို
Backup ပြုလုပ်ထားပါ။
Rolling Out နည်းဖြင့် တင်နည်း
=================
အရမ်းလွယ်ကူပါတယ် ဖုန်းမှာ Settings > About device > Software update ဆိုပြီး
တစ်ချက်ချင်းနှိပ်ပြီးသွားလိုက်ပါ၊ ပြီးရင် Confirm ပြုလုပ်ပေးလိုက်ပါ၊ ပြီးရင် Update Process
ပြီးတဲ့စောင့်နေလိုက် အားလုံးပြီးသွားတဲ့အခါ ဖုန်းမှာ Auto reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ နောက်ဆုံး ဗားရှင်း Android 6.0.1 Marshmallow ကြီး
လန်းနေပါလိမ့်မယ်၊ မြန်မာစာအတွက် Root လုပ်ပြီး ထည့်သွင်းနည်း Update New ကို
ဇူးနစ်(နည်းပညာ) တွင် အချိန်နဲ့ တစ်ပြေးညီ တင်ပေးသွားမှာ ဖြစ်ပါတယ်။
ဇူးနစ်(နည်းပညာ)
Samsung Galaxy A8 SM-A800F ဖုန်းအတွက် Android 6.0.1 Marshmallow update ရယူနိုင်ပြီ
Reviewed by ဇူးနစ်
on
9:13 PM
Rating:

No comments: