Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy J1 Ace SM-J111M ဖုန်းဗားရှင်း Android 5.1.1 Lollipop Root လုပ်နည်း

Samsung Galaxy J1 Ace SM-J111M ဖုန်းကိုင်ဆောင်းထားကြတဲ့ ညီအကိုများအတွက်
ဗားရှင်း Android 5.1.1 Lollipop Root လုပ်နည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အကောင်သေးတယ်ဆိုပြီး One Click Tool တွေနဲ့ သွားစမ်းမလိုက်နဲ့ဦးနော် လည်သွားမယ်
Smasung Devices များအတွက် အဓိက CF-Auto-Root ဖိုင်လည်း ဒီဖုန်းအတွက် မထွက်တော့
Root လုပ်ဖို့ကြိုးစားနေကြတဲ့ သူတွေအတွက် ဒီဖုန်းက အနည်းငယ် ကြံ့ကြာနေကြမှာပါ

အခုတော့ ဒီဖုန်းအတွက် Boot file ဖြင့် Root လုပ်နည်းကို ရှင်းပြပေးလိုက်ပါတယ်
Galaxy J1 Series များတွင် ဖေါ်ပြပါ Root bat file ဖြင့် Galaxy J1 Ace SM-J111M ကိုသာ
Support လုပ်ပေးမှာပဲဖြစ်ပါတယ်၊ အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ။


  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy J1 Ace SM-J111M အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root လုပ်ရန်အတွက် ကွန်ပျူတာ လိုအပ်ပါမည်။

၂။ Samsung Galaxy J1 ဖုန်းက Model Ace SM-J11M ဖြစ်ရမှာ
ဖြစ်သလို Android 5.1.1 ဗားရှင်းဖြစ်နေရပါမည်။





Root လုပ်နည်း
=========
၁။ ဒေါင်းလော့လင့်မှ Root.zip ဖိုင်ကိုဒေါင်းလော့်ပြီး zip ဖြည်လိုက်ပါ။
၂။ Zip ဖြည်ထားတဲ့ Folder ထဲမှ ROOT(english) ဖိုင်ကို ဖွင့်လိုက်ပါ။
၃။ အောက်ပါပုံအတိုင်း Box လေးတစ်ခုပွင့်လာပါလိမ့်မယ်၊ အဲဒါကတော့
Smasung USB Driver ကို Command ဖြင့် တင်ယူနိုင်ရန်အတွက် ပြုလုပ်
ထားတာဖြစ်လို့ တကယ်လို့ သင့်ကွန်ပျူတာမှာ ထည့်သွင်းထားခြင်းမျိုးမရှိ
သေးရင်တော့ SI ဆိုပြီးရိုက်ထည့် Enter ကိုခေါက်လိုက်ပါ။




Press any key to continue ... စသည်ဖြင့်ပေါ်လာရင်တော့ 
Enter ကိုထပ်ခေါက်ပါ။

၎။ ပြီးရင် ပုံပါအတိုင်း Smasung USB Driver ကိုထည့်သွင်းပေးရန်အတွက်
ကျလာခဲ့ရင်တော့ ထည့်သွင်းပေးလိုက်ပါ။

၅။ Odin Flash Tool ကိုဖွင့်လိုက်ပြီး PDA/PA နေရာကို
တစ်ချက်နှိပ်ပေးပြီး ROOTJ111M/Files/မှ Boot ဆိုတာကို
ရွေးချယ်လိုက်ပါ။


၆။ ဖုန်းကို Vol Down + Power+Home များကိုတွဲနှိပ်ပြီး
Download Mode သို့ဝင်လိုက်ပါ။

၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ၊ ကွန်ပျူတာရှိ
 Odin မှ ဖုန်းကို Driver ကိုသိပြီးဆိုရင်တော့ Start ဆိုတာကို
နှိပ်ပေးပြီး Rooting process တစ်ခုကိုစတင်ပေးလိုက်ပါ။

၈။ Odin တွင် Pass ပြပြီး ဖုန်းမှာ Auto Reboot ကျသွားရင်တော့
စောင့်နေလိုက်ပါ၊ ပြန်တက်လာရင်တော့ Supersu apk ကိုနှိပ်ပေးပြီး
Update တောင်းရင်တော့ လုပ်ပေးပါ၊ ပြီးရင် Restart ကျသွားပါလိမ့်မယ်။

၉။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို Root Checker ဖြင့်စမ်းသပ်
ကြည့်လိုက်ပါ Root Access ရရှိနေပါပြီ။



ဇူးနစ်(နည်းပညာ)




Samsung Galaxy J1 Ace SM-J111M ဖုန်းဗားရှင်း Android 5.1.1 Lollipop Root လုပ်နည်း Reviewed by ဇူးနစ် on 4:09 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.