Samsung Galaxy Note 4 SM-N910T ဖုန်းကို TWRP Recovery ထည့်သွင်နည်း
Samsung Galaxy Note 4 SM-N910T ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
TWRP Recovery ထည့်သွင်နည်း ကို Update New အဖြစ် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် မကြာသေးမှီက ထွက်ရှိထားတဲ့ Android 6.0.1 Marshmallow ဗားရှင်းကို
Root လုပ်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းမှာ Custom Recovery ကိုအရင်ဦးဆုံး ထည့်သွင်း
ထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်နည်း ကို Update New အဖြစ် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် မကြာသေးမှီက ထွက်ရှိထားတဲ့ Android 6.0.1 Marshmallow ဗားရှင်းကို
Root လုပ်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းမှာ Custom Recovery ကိုအရင်ဦးဆုံး ထည့်သွင်း
ထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်။
ဒီဖုန်းအတွက် TWRP Recovery File ကထွက်ရှိနေပါပြီ တကယ်လို့ သင့်ဖုန်းကို Root လုပ်ဖို့
ကြိုးစားနေတယ်ဆိုရင်တော့ ယခုဖေါ်ပြပါ Custom Recovery ထည့်သွင်းယူနည်းကို အောက်ပါ
အတိုင်း လေ့လာကြည့်လိုက်ပါခင်ဗျား...
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။
၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။
၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Samsung Galaxy Note 4 SM-N910T ဖုန်းကို TWRP Recovery ထည့်သွင်နည်း
Reviewed by ဇူးနစ်
on
5:18 PM
Rating:

No comments: