Samsung Galaxy Note 5 SM-N920C ဖုန်းကို TWRP recovery ထည့်သွင်းနည်း
Samsung Galaxy Note 5 SM-N920C ဖုန်းကို Root လုပ်ချင်နေကြတဲ့
ညီအကိုများအတွက် TWRP recovery ထည့်သွင်းနည်းကို ထပ်တင်ပေးလိုက်ပါတယ်။
မိမိဖုန်းကို Root လုပ်တော့မယ်ဆိုရင်တော့ ဒီဖုန်းများအတွက် အသင့်တော်ဆုံး
နည်းလမ်းဖြစ်လာတဲ့ Custom Recovery များထည့်သွင်းပြီးမှ Supersu ဖိုင်ဖြင့်
Root လုပ်ယူနည်းကို Recommend ပေးချင်ပါတယ်။

ဒီတော့ ဖုန်းကို Root Access ရယူနိုင်ဖို့ရန် Custom Recovery ထည့်သွင်းနည်းကို
စနစ်တကျဖြစ်အောင် ပြီးတော့ Recovery များက မိမိဖုန်းကို Support လုပ် သလား
သို့မဟုတ် Model ကော သေချာလား ဆိုတာမျိုးကအစ ဂရုစိုက်သင့်လာပါတယ်။
Note 5 ဆိုရင် ပြီးရော့ ဆိုပြီး Model Uncheck ဖြစ်နေခဲ့ရင်တော့ လွဲနေဦးမယ်ထင်ပါတယ်
Galaxy Note 5 SM-N920C ဖုန်းအတွက် TWRP File က 21st August 2015 ကတည်းက
forum.xda-developers.com မှတက်နေတာ ကြာပါပြီ၊ အဲဒီတုန်းက ဗားရှင်းကတော့
TWRP v2.8.7.1 ပဲရှိပါသေးတယ်၊ အခုတော့ twrp-3.0.2-2-noblelte.img.tar ထိ ထွက်နေပါပြီ။
TWRP File များကို ဒေါင်းလော့ရယူပြီး ထည့်သွင်းကြရတာတွင် ဒီနေရာမှာ Recommend ပေး
ချင်တာလေးတစ်ခုကတော့ ကျနော် တိုက်ရိုက်ညွှန်ပေးထားတဲ့ ဒေါင်းလော့လုပ်ယူရမည့် လင့်မှာ
ဒီဖုန်းအတွက် TWRP File ကိုဒေါင်းလော့တဲ့အခါ နောက်ဆုံး Update Version အဖြစ် ထွက်ရှိလာတဲ့
twrp-3.0.2-2-noblelte.img.tar ဖိုင်ကိုသာ ဒေါင်းလော့ရယူပြီး ထည့်သွင်းခြင်းမျိုး ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းများ၏ နောက်ဆုံးထွက် Update Version များအတွက်
TWRP File များ၏ နောက်ဆုံးထွက် ဗားရှင်းများက လုံးဝ Support လုပ်နိုင်လို့ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။
၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။
၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
4:59 PM
Rating:

No comments: