Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy S6 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

Samsung Galaxy S6 ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
ညီအကိုများအတွက် ထပ်တင်ပေးလိုက်ပါတယ်၊ ဒီဖုန်းအတွက် အရင်လည်း
တင်ပေးပြီးဖြစ်မှာပါ ဒါပေမယ့် အလိုရှိနေတဲ့ သူတွေအတွက် ပြန်လည် တင်ပေးခြင်းပါ။
ဒီဖုန်းများအတွက် အသစ် အသစ်ထွက်ရှိလာတဲ့ Android 6.0.1 Marshmallow များကို
Root လုပ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းကတော့ Custom Recovery များ
ထည့်သွင်းပြီး Supersu.zip ဖိုင်ဖြင့် Flash ပေပြီး Root လုပ်ယူနည်းပဲဖြစ်ပါတယ်။


ဒီ Galaxy S6 ဖုန်းအတွက် TWRP File ကိုဒေါင်းလော့ရာတွင်
နောက်ဆုံးထွက် ဗားရှင်းကိုသာ ဒေါင်းလော့ရပြီး ထည့်သွင်းဖို့ကို
အထူးပြောကြားလိုပါတယ် တိုက်ရိုက်လင့်ကို ညွှန်းပေးထားပါတယ်။









 TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။



 အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)


www.zunite.org



Samsung Galaxy S6 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 3:49 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.