Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy S7 Edge G935F ဖုန်းကို BasicPlus3 PG3 Rom တင်နည်း

Samsung Galaxy S7 Edge G935F ဖုန်းကိုင်ဆောင်ထားကြတဲ့ညီအကိုများအတွက်
အထူးသဖြင့် Custom Rom များကို အကြိုက်တွေ့ကြတဲ့ သူတွေအတွက် အသစ်ထွက်လာတဲ့
BasicPlus3 PG3 Rom ကို Galaxy S7 Edge G935F ဖုန်းတွင် အလွယ်တကူတင်ယူနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Custom Rom မှာ Pre-Rooted ပါဝင်ပြီးသားဆိုတော့ Root လုပ်စရာ 
အထူးမလိုတော့ဘူးပေါ့၊ Google apps လည်း ပါဝင်နေသလို Stock -Based UI ထက်ကို 
Stable ကျပြီး ဘက်ထရီနဲ့ မြန်နှုန်းအားလည်းပိုကောင်းမှာပဲဖြစ်ပါတယ်။

    လိုအပ်ချက်များ
========
၁။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၃။ ဘက်ထရီအားသည် အနည်းဆုံး  70% ရာခိုင်နှုန်းရှိရပါမည်။

၎။ BasicPlus3 PG3 Rom.zip File ကိုဒေါင်းလော့ရယူပါ

၅။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။


 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။


BasicPlus3 Rom Details

    Based on PG3 XEU
    Pre-Rooted
    De-Odexed for optimal performance
    Aroma with many options
    Highly Debloated
    CSC & Build.prop tweaks
    Removed all non-useful Microsoft, Google & Samsung Apps
    Knox-Free
    Battery drain fixed
    Crazy ram management
    Floating Messages
    LTE Only option added
    5-Way Reboot
    Multi-User Mod
    Ad-blocking feature








 Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ

 ၃။ BasicPlus3 PG3 Rom.zip File ကိုဒေါင်းလော့ရယူပြီး 
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး BasicPlus3 PG3 Rom.zip File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom ROM လေးလန်းနေပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ)

www.zunite.org


Samsung Galaxy S7 Edge G935F ဖုန်းကို BasicPlus3 PG3 Rom တင်နည်း Reviewed by ဇူးနစ် on 3:07 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.