Samsung Galaxy S7 SM-G930P Sprint ဖုန်းဗားရှင်း Android 6.0.1 Root လုပ်နည်း
Sprint Samsung Galaxy S7 SM-G930P ဖုန်းကိုင်ဆောင်ထားကြတဲ့
ညီအကိုတွေအတွက်ဗားရှင်း Android 6.0.1 Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ boot.img ကို Odin မှ ထည့်သွင်းပြီး
Root.bat ဖိုင်ဖြင့် Run ပေးပြီး Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

ဒီဖုန်းရဲ့ ဗားရှင်း 6.0.1 Marshmallow အတွက်တော့ နာမည်ကြီး
CF-Auto-Root tool မထွက်သေးပါ သိပ်မကြာခင်ထွက်လာနိုင်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy S7 SM-G930P အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
1. Modified Odin and Engineering Kernel
2. Engineer boot.img
3. The root.bat file

Download Modified Odin and Engineering Kernel
Download Here engineer boot.img
Download Here the root.bat file
Root လုပ်နည်း
=========
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ Kernel.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ Kernel.zip ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပြန်တက်လာတဲ့အခါ ဖုန်းကို ပြန်လည် ချိတ်ဆက်လိုက်ပါ။
၁၁။ ဒေါင်းလော့ရလာတဲ့ Root file.zip ကိုဖြည်လိုက်ပါ Folder ထဲပါလာတဲ့
Root .bat ဖိုင်ကို Run ပေးလိုက်ပါ ပြီးရင် Process ဆုံးအောင် စောင့်နေလိုက်ပါ။
၁၂။ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ
Root access ရရှိနေပါပြီ Root Checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။
ဇူးနစ်(နည်းပညာ)
Samsung Galaxy S7 SM-G930P Sprint ဖုန်းဗားရှင်း Android 6.0.1 Root လုပ်နည်း
Reviewed by ဇူးနစ်
on
6:45 PM
Rating:

No comments: