Samsung Galaxy Young 2 G130H Android Version 4.4.2 Root လုပ်နည်း
Samsung Galaxy Young 2 G130H ဖုန်းကိုင်ဆောင်းထားကြတဲ့
ညီအကိုတွေအတွက် Android Version 4.4.2 Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Firmware ရေးရအောင်လို့ ဆိုပြီး လာအပ်ထားတဲ့သူကို
ကျေးဇူးတင်မိပါတယ်၊ အတွေ့အကြုံသစ်များနဲ့ အလုပ်ဖြစ်နေခဲ့လို့ပါ
ဒီဖုန်းက Firmware လစ်ပြီးရောက်လာတဲ့အလုံးပါ Firmware ကို
ပြန်လည်း Unbrick ပြုလုပ်ပြီးလို့ မြန်မာစာထည့်တော့လည်း လွယ်တယ်
မကျေနပ်ချင်သေးဘူး Root ဖောက်ကြည့်ပါဦးမယ်ဆိုပြီး စမ်းကြည့်တယ်
Kingroot apk ကိုတော့ မစမ်းသပ်ကြည့်လိုက်ပါ၊ အများပြောဖြစ်ကြတဲ့
Root လုပ်ရတာ ခက်ခဲတယ် ဘာနဲ့ ပိုအဆင်ပြေတုန်းဆိုပြီး အမေးများဆုံး
ဖြစ်ခဲ့တဲ့ Model တစ်မျိုးလည်း ဖြစ်မယ်ထင်ပါတယ်။
ဒီဖုန်းကို ကျနော် စမ်းသပ်အောင်မြင်သွားတာကတော့ kernel G130h ကို
Odin ကနေ ထည့်သွင်းလိုက်ပြီး Reboot ကျပြီးတက်လာတဲ့အခါ iRoot Tool
ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး Root ဆိုတာကို နှိပ်ပေးလိုက်ပြီး Reboot ကျပြီး
ပြန်တက်လာတဲ့အခါ Root Checker ဖြင့် စမ်းကြည့်လိုက်တော့ OK သွားတယ်။
အဟောင်းတွေက လွယ်ပါတယ် မပြောလိုက်နဲ့နော် ကြုံဖူးမှ ယုံမယ် အလိုရှိတဲ့
ဘော်ဒါတွေကတော့ kernel G130h နဲ့ Root လုပ်နည်းကို ဆက်ပြီးလေ့လာကြည့်ပါ။

OR
kernel ဖိုင်ကို ထည့်သွင်းနည်း
===================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုဖြည်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ kernel ဖိုင်ကိုတော့ ဇစ်မဖြည်ပါနဲ့
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ kernel ဖိုင်ကိုထည့်လိုက်ပါ။
ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိဖို့ ကွန်ပျူတာရှိ
iRoot Tool ဖြင့် Root ဆက်ပြီးလုပ်ရပါမယ် အောက်မှာဆက်လေ့လာပါ။
iRoot Tool ဖြင့် Root လုပ်နည်း
=================
အားလုံးလည်းသိပြီးဖြစ်တဲ့အတွက် iRoot Tool ဖြင့် Root လုပ်နည်းကို
အထူးမရှင်းပြနေတော့ပါ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီး Root ရုံပါပဲ။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

Rooting Process ပြီးတဲ့အခါ ဖုန်းမှာ Auto Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ
ကျနော်ဖုန်းမှာတော့ Supersu apk မပြပေးနေပဲ KingRoot apk ဖြင့်
ပြပေးပါတယ်၊ Root Access ကတော့ အောက်ပါပုံအတိုင်းပါပဲ။
ဒီနေရာမှာ Message လေးတစ်ခုပေးချင်တာက Custom Kernel ကို
Odin မှ Flash ပေးခြင်း အောင်မြင်ပြီးရင်တော့ Any One Click Root & App
ဆိုတဲ့ Sample idea လေးတစ်ခုကို ချပြပေးလိုက်တာပါ။
အားလုံးအဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy Young 2 G130H Android Version 4.4.2 Root လုပ်နည်း
Reviewed by ဇူးနစ်
on
12:34 AM
Rating:

No comments: