ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ဟု Sony အတည်ပြု

Sony သည် စမတ်ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဘရာဇီးအစိုးရသည် ဒေသတွင်းကွန်ပျူတာနှင့် စမတ်ဖုန်းထုတ်လုပ်မှု အခွန်ကင်းလွတ်ခွင့်ကို ဖျက်သိမ်းလိုက်ရာ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ BRL ၁,၅၀၀ (ဒေါ်လာ ၅၃၀) အထိကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် Sony အနေဖြင့် ဘရာဇီးတွင် စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ သတင်းကို Sony ၏ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ အန်နာပီရတ်တီက အတည်ပြုသွားခဲ့သည်။ ယခုအပြောင်းအလဲသည် ထုတ်လုပ်ဖြန့်ချိမှုများကို ပိုမိုလွတ်လပ်စွာ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ ထို့အပြင် Sony အနေဖြင့် ဘရာဇီးရှိ ထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Foxconn နှင့် Arima နှင့်သဘော တူညီမှုများကိုလည်း ဖျက်သိမ်းခဲ့သည်။
<=== Source from INTERNET Journal ===>
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ဟု Sony အတည်ပြု
Reviewed by U Oo Cracker
on
2:10 AM
Rating:
Oh! This article has suggested to me many new ideas. I will embark on doing it. Hope you can continue to contribute your talents in this area. Thank you.
ReplyDeletedespacito lyrics , bodak yellow lyrics