Asus Zenfone Zoom ZX551ML ဖုန်းကို 6.0 Marshmallow တင်နည်း
6.0 Marshmallow တင်နည်းကို မျှဝေပေးလိုက်ပါတယ်။
6.0.1 Marshmallow တင်နည်းကို တင်ပေးပါဦးဆိုလို့
တောင်းဆိုထားကြတဲ့ ဘော်ဒါတွေအတွက် တင်ပေးလိုက်တာပါ။

လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။
၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။
၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။
၎။ Asus Zenfone Zoom ZX551ML အတွက်သာဖြစ်ပါတယ်။
၅။ ဗားရှင်းကတော့ Marshmallow 6.0.1 ဖြစ်ပါတယ်။
Firmware တင်နည်း
============
၁။ ဒေါင်းလော့လင့်မှ 6.0 Marshmallow Update ကိုရယူလိုက်ပါ။
၂။ ဒေါင်းလော့ရလာတဲ့ Firmware.zip ဖိုင်ကို Phone Memory သို့ထည့်ပါ။
၃။ Settings >Developer Options >USB Debugging>Enable ပြုလုပ်ထားပါ။
၎။ ဖုန်းတွင် Mobile Data နှင့် WIFI ကိုပိတ်ထားပါ။
၅။ ဖုန်းကို Restart ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ notification တွင်
triangle Warning Symbol လို့ခေါ်တဲ့ Update.zip ဖိုင်ကိုမြင်နေရပါလိမ့်မယ်။
၆။ SD Card တွင်ရှိသည့် Update ကိုရွေးချယ်ပေးလိုက်ပါ။
၇။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပါ၊ ပြီးရင် ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
(တကယ်လို့ ဖုန်းမှာ Auto Reboot မကျခဲ့ရင် ချပေးလိုက်ပါ)
၈။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Update Version လေး လန်းနေပါပြီ၊
ဖုန်းမှာ Settings >About >Version ဆိုပြီး စမ်းကြည့်လိုက်ပါ။

Reviewed by ဇူးနစ်
on
10:18 PM
Rating:

No comments: