Blackview BV6000 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Blackview BV6000 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် ဗားရှင်း Android 6.0 (Marshmallow) ထွက်ရှိထားပြီးဖြစ်ပါတယ်
အဲဒီဗားရှင်းကို Root လုပ်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းမှာ ပထမဆုံး ပြုလုပ်ထားရမှာက
Custom Recovery ကိုအရင်ထည့်သွင်းထားပေးရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖေါ်ပြပါ နည်းလမ်းသည် Blackview BV6000 ဖုန်းအတွက်သာ
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြားဖုန်းတွေမှာ support လုပ်မှာမဟုတ်ပါ။
၂။ Tutorial ကိုပြုလုပ်ရန်အတွက် SP Flash Tool ကိုအသုံးပြုမှာဖြစ်တဲ့အတွက်
Windows Computer လိုအပ်ပါမည်ဖြစ်ပါသည်။

TWRP Recovery ထည့်သွင်းနည်း
==================
၁။ ဖုန်းမှာ Settings > Developer Options >
USB Debugging ကို On ပေးထားပါ။
၂။ SP Flash Tool ကို ဒေါင်းလော့ရယူလိုက်ပါ။
၃။ MTK MediaTek drivers ကိုဒေါင်းလော့ရယူလိုက်ပါ။
၎။ TWRP Recovery ကိုလည်းဒေါင်းလော့ရယူလိုက်ပါ။
၅။ ကွန်ပျူတာတွင် MTK MediaTek drivers ကိုထည့်သွင်းလိုက်ပါ။
၆။ SP Flash Tool ကို ကို zip ဖြည်လိုက်ပြီး ဖွင့်လိုက်ပါ။
၇။ ဒေါင်းလော့ရလာတဲ့ TWRP Recovery ဖိုင်ကို zip ဖြည့်လိုက်ပါ။
၈။ Tool မှ ‘scatter-loading’ ကိုတစ်ချက်နှိပ်လိုက်ပါ။
၉။ zip ဖြည်ထားတဲ့ TWRP ဖိုင်
(MT6755_Android_scatter.txt’ file) ကိုရွေးချယ်လိုက်ပါ။
၁၀။ Flash Tool မှ Download ကိုတစ်ချက်နှိပ်လိုက်ပါ။
၁၁။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol + Down ကိုနှိပ်ထားပြီး
ကြိုးဖြင့် ချိတ်ဆက်ပေးလိုက်ပါ။
၁၂။ ကွန်ပျူတာက ဖုန်းကို သိပြီဆိုတာနဲ့ Flashing Process ကို
စတင်ပါလိမ့်မယ်၊ OK ဆိုပြီး တက်လာခဲ့ရင်တော့ ပြီးဆုံးပါပြီ။
၁၃။ ဖုန်းကို ဘက်ထရီဖြုတ် ပြန်တပ်ပြီး ပါဝါဖွင့်လိုက်ပါ။

Reviewed by ဇူးနစ်
on
12:26 AM
Rating:

No comments: