Google Nexus 9 အတွက် Android N NPD56N Developer Preview 4 Root လုပ်နည်း
ကို အားလုံးအတွက် Update New အဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်လည်း TWRP Recovery ကိုအရင်ထည့်သွင်းပေးရမှာပါ
ပြီးတော့မှ Supersu.zip ဖြင့် Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Google Nexus 9 အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ Google USB Drivers & ADB Drivers for window
၂။ TWRP Recovery file for Google Nexus 9
၃။ SuperSu 2.74.zip
Minimal ADB and Fastboot Tool
Download Here ADB & Fastboot Zip
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
Download the TWRP Recovery 3.0.2 flounder
BETA-SuperSU-v2.71.zip
6.0.1 Marshmallow (MOB30M) Root လုပ်နည်း
===========================
၁။ ကွန်ပျူတာတွင်လိုအပ်မည့် USB & ADB Driver များကိုထည့်သွင်းထားပါ။
၂။ ဒေါင်းလော့ရလာတဲ့ TWRP Recovery file ကို zip ဖြည်လိုက်ပြီး ADB Folder မှာထားပါ။
၃။ SuperSU.zip ဖိုင်ကို SD card မှာကူးထည့်ထားလိုက်ပါ။
၎။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၅။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး ‘recovery.img’ ဆိုပြီး
နာမည်ပြောင်း ADB & Fastboot Folder မှာထည့်ထားပါ။
၆။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၇။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
၈။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“adb reboot bootloader”
၉။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
“fastboot flash recovery twrp-3.0.2-0-flounder.img”
၁၀။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ အောက်ပါ
Command ကိုရိုက်ထည့်ပေးပြီးဖုန်းကို Reboot ချပေးလိုက်ပါ။
“fastboot reboot”
၁၁။ ဖုန်းမှာ custom recovery ဖြင့်တက်လာခဲ့ရင်တော့
SD card တွင်ရှိတဲ့ SuperSU zip ဖိုင်ကို Flash ပေးလိုက်ပါ။
၁၂။ အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ ဖုန်းမှာ Root access ရရှိနေပါပြီ။
ဇူးနစ်(နည်းပညာ)
www.zunite.org
Google Nexus 9 အတွက် Android N NPD56N Developer Preview 4 Root လုပ်နည်း
Reviewed by ဇူးနစ်
on
12:08 AM
Rating:
No comments: