Top Ad unit 728 × 90

Description of Image

latest News

recent

Honor 5X ဖုန်းကို Official CynogenMod 13 ROM တင်နည်း

Honor 5X ဖုန်းကို Official CynogenMod 13 ROM တင်နည်း
Honor 5X ဖုန်းကိုကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက်တင်ပေးလိုက်ပါတယ်။

ဒီ Honor 5X ဖုန်းကိုအတွက် CyanogenMod 13 ROM က Official ရဲ့ Rom ဖြစ်ပါတယ်
Android Marshmallow 6.0 ဗားရှင်းအပေါ်မှာပဲ ရေးထားတာပဲဖြစ်ပါတယ်။

တကယ်လို့သင်က Stock Rom ကို ခနထားခဲ့ပြီး customization လို့ခေါ်တဲ့
Custom Rom သို့ အလည်သွားကြည့်ချင်တယ်ဆိုရင်တော့ သွားနိုင်ပါပြီ။

CM13 က မြန်နှုန်းအားလည်းကောင်းပြီး Stock Rom တွင် မပါဝင်သည့်
impressive features များကို စိတ်ကြိုက် အသုံးပြုရမှာလည်းဖြစ်ပါတယ်။


လိုအပ်ချက်များ
========
၁။TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၃။ ဘက်ထရီအားသည် အနည်းဆုံး  70% ရာခိုင်နှုန်းရှိရပါမည်။

၎။ “Honor 5X CynogenMod 13 ROM” File ကိုဒေါင်းလော့ရယူပါ။

၅။ Honor 5X ဖုန်းအတွက် Gapps ကိုဒေါင်းလော့ယူပါ

၆။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။


 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။





 Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ

 ၃။ “Honor 5X CynogenMod 13 ROM” File ကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး “Honor 5X CynogenMod 13 ROM” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

 Gapps.zip ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom ROM လေးလန်းနေပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ)



Honor 5X ဖုန်းကို Official CynogenMod 13 ROM တင်နည်း Reviewed by ဇူးနစ် on 12:40 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.