Top Ad unit 728 × 90

Description of Image

latest News

recent

HTC One M8 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

HTC One M8 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် နောက်ဆုံးထွက်ဗားရှင်း Android 6.0 ကို Root လုပ်မယ်
ဆိုရင်တော့ သင့်ဖုန်းမှာ ပထမဆုံးပြုလုပ်ထားသင့်တာက Custom Recovery
ထည့်သွင်းခြင်းပါပဲ၊ ပြီးမှ Supersu.zip ဖိုင်ဖြင့် Root လုပ်ယူရမှာဖြစ်လို့
TWRP Recovery လို့ခေါ်တဲ့ Custom Recovery ထည့်သွင်းနည်းကို
အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။



လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
 
၂။ Winodws PC လိုအပ်ပါမည်။
 
၃။ ADB Fastboot & Driver for windows
 
၎။ TWRP Recovery for the HTC One M8
 
၅။ Read Instruction (နည်းလမ်းအတိုင်းပြုလုပ်ပါ)











TWRP Recovery ထည့်သွင်းနည်း
==================
၁။ TWRP Recovery ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပါ။

၂။ ADB Fastboot & Driver ကိုဒေါင်းလော့ရယူပါ

၃။ ကွန်ပျူတာတွင် ADB Driver ကိုထည့်သွင်းလိုက်ပါ။

၎။ TWRP Recovery ဖိုင်ကို ဖြည်လိုက်ပြီး ADB Folder မှာထည်းပါ။

၅။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၆။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”

၈။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

“fastboot flash recovery twrp.img”
၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ အောက်ပါ
Command ကိုရိုက်ထည့်ပေးပြီးဖုန်းကို Reboot ချပေးလိုက်ပါ။

 “fastboot reboot”

၁၀။ အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။



ဇူးနစ်(နည်းပညာ)

www.zunite.org


HTC One M8 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 10:11 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.