Top Ad unit 728 × 90

Description of Image

latest News

recent

Huawei Honor 5C ဖုန်း ဗားရှင်း 6.0 နဲ့ 6.0.1 Marshmallow များကို Root လုပ်နည်း

Huawei Honor 5C ဖုန်း ဗားရှင်း 6.0 နဲ့ 6.0.1 Marshmallow များကို Root လုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် Update New ကိုတင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ မိမိဖုန်းမှာ Bootloader Unlock တော့
ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်၊ ဒီအတွက် Huawei ဖုန်းတိုင်းအတွက်
Bootloader Unlock ပြုလုပ်နည်းစာအုပ်ကို အရင်ပိုစ့်ဟောင်းတွင် Share ပေးပြီးပါပြီ။


တကယ်လို့ သင့်ဖုန်းမှာ Bootloader Unlock သာ လုပ်ပြီးသားဆိုရင်တော့
ဖေါ်ပြပါနည်းလမ်းအတိုင်း Huawei Honor 5C ဖုန်းအတွက်
 ဗားရှင်း 6.0 နဲ့ 6.0.1 Marshmallow များကို Root လုပ်ယူနိုင်ပါပြီ။


  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Huawei Honor 5C ဖုန်း အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းမှာ အနည်းဆုံး ဘက်ထရီအား 80% နှုန်းရှိရပါမည်။

၂။ ဖုန်းကို Root လုပ်မှီ ကြိုတင်ပြီး Backup ပြုလုပ်ထားပါ။

၃။ ဖေါ်ပြပါနည်းလမ်းသည် Huawei Honor 5C 6.0 ဖြစ်ပြီး
ဗားရှင်း 6.0 & 6.0.1 Marshmallow အတွက် သီးသန့်ဖြစ်ပါတယ်။















 Huawei Honor 5C ဖုန်းကို Twrp Recovery
========================
၁။ လိုအပ်တဲ့ ဖိုင်များကို အရင်ဒေါင်းလော့ရယူလိုက်ပါ

၁။ ဖုန်းမှာ Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

 ၃။ ဒေါင်းလော့ရလာတဲ့ TWRP Recovery ဖိုင်ကို recovery.img ဟု
နာမည်ပြောင်းပြီး fastboot folder မှာထားပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၅။ ဖုန်းမှာ Power + Volume Up များကိုတွဲနှိပ်ပြီး fastboot mode သို့ဝင်လိုက်ပါ


၆။ ကွန်ပျူတာနဲ့ ဖုန်းချိတ်ဆက်မှု အဆင်ပြေ မပြေ
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

 fastboot devices

 ၆။ ဒီ တစ်ခါ အောက်ပါ စာကြောင်းကို မှန်အောင်ရိုက်ထည့်ပြီး Enter ခေါက်ပါ။

adb reboot bootloader
 ၇။ ဒီ တစ်ခါ Custom Recovery ကိုထည့်သွင်းမှာဖြစ်တဲ့အတွက်
အောက်ပါ စာကြောင်းကို မှန်အောင်ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot flash recovery recovery.img

၇။ Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီးပေးပြီး Enter ကိုခေါက်ပါ။

fastboot reboot

၈။ ဖုန်းမှာ Reboot ကျပြီးတဲ့အခါ ကွန်ပျူတာနဲ့ချိတ်ဆက်ထားမှုကို
ဖြုတ်လိုက်ပြီး Custom Recovery ကို ထည့်သွင်းနည်းပြီးဆုံးပါပြီ။


  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)



www.zunite.org


Huawei Honor 5C ဖုန်း ဗားရှင်း 6.0 နဲ့ 6.0.1 Marshmallow များကို Root လုပ်နည်း Reviewed by ဇူးနစ် on 4:40 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.