Huawei Honor 5C ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Huawei Honor 5C ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP Recovery ထည့်သွင်းချင်တယ်ဆိုရင်တော့
Fastboot Mode ကနေ ADB Command များဖြင့် ထည့်သွင်းရမှာပါ
သင့်ဖုန်းမှာ Custom Recovery သာထည့်သွင်းထားရင်
နောက်ဆုံးထွက်ဗားရှင်း Android 6.0 ကိုအလွယ်တကူပဲ
Root Access ရယူနိုင်မှာလည်းဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ မိမိဖုန်းမှာ Bootloader Unlock လုပ်ထားပြီးသားဖြစ်ရပါမည်။
၂။ TWRP Recovery for the Huawei Honor 5C
၃။ ၁။ ADB and fastboot နဲ့ driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
၎။ Read Instruction (လမ်းညွှန်အတိုင်းပြုလုပ်ပါ)
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ TWRP Recovery File ကို ADB & Fastboot Folder မှာထည့်ထားပါ။
၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
၅။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“adb reboot bootloader”
၆။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
“fastboot flash recovery recovery.img”
၇။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ အောက်ပါ
စာကြောင်းကို ရိုက်ထည့်ပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
“fastboot reboot”
ဖုန်းမှာ Reboot ကျသွားပါလိမ်မယ်၊ ပြန်တက်လာတဲ့အခါ custom recovery ဖြင့်
တက်သို့ရောက်သွားပါလိမ့်မယ်၊ တကယ်လို့ custom recovery သို့မရောက်ခဲ့သော်
Hardware Button များကိုနှိပ်ပေးပြီး custom recovery သို့ဝင်ကြည့်လိုက်ပါ။
၉။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။

Reviewed by ဇူးနစ်
on
10:31 PM
Rating:

No comments: