Micromax Android One A1 Devices ကို Bootloader Unlock ပြုလုပ်နည်း
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို သက်ဆိုင်ရာ Tip & Trick များကို ပြုလုပ်ချင်တယ်ဆိုရင်တော့
ပထမဆုံး ကျော်ဖြတ်ရမယ့် အဆင့်ကတော့ Bootloader ပါပဲ ဒီတော့
မိမိဖုန်းကို စိတ်ကြိုက် ကလစ်ချင်တဲ့ သူတွေကတော့ ဖုန်းမှာ Bootloader ကို
Unlocking ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်၊ အောက်မှာလေ့လာကြည့်လိုက်ပါ။
Bootloader Unlock ပြုလုပ်နည်း
==================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၃။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol up +Vol Down + Power များကို
တွဲနှိပ်ပြီး Bootloader Mode သို့ဝင်လိုက်ပါ။
၎။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။
၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

fastboot
၆။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot oem unlock
၇။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
confirm ပြုလုပ်ပေးရမှာဖြစ်လို့ Volume up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။
အောင်မြင်ပြီးစီးကြောင်း Success message ကို မြင်နေရပါလိမ့်မယ်။
၈။ အောင်မြင်ကြောင်း message မြင်နေရတဲ့အခါ Power ကီးကိုနှိပ်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ Boot စတင်ချိန် အနည်းငယ်ကြာနိုင်ပါတယ်။
ဇူးနစ်(နည်းပညာ)
www.zunite.org
Micromax Android One A1 Devices ကို Bootloader Unlock ပြုလုပ်နည်း
Reviewed by ဇူးနစ်
on
12:28 PM
Rating:

No comments: