Micromax Android One A1 Devices ကို Android N Nougat 7.0 Update တင်နည်း
Micromax Android One A1 ကိုင် ဆောင်ထားကြတဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
Micromax Android One A1 ဖုန်းအတွက် Android N Nougat 7.0 Update ဗားရှင်းကို
တင်သုံးချင်တယ်ဆိုရင်တော့ မိမိဖုန်းမှာ ပထမဆုံး ပြုလုပ်ထားရမှာက Bootloader Unlock ပါပဲ
တကယ်လို့ သင့်ဖုန်းကို Bootloader Unlock မပြုလုပ်ရသေးဘူးဆိုရင်တော့
အောက်ပါလင့်အတိုင်း ဖုန်းကို Unlock Device အဖြစ် ပြုလုပ်ပေးလိုက်ပါ။
လိုအပ်ချက်များ
========
၁။ ADB Fastboot zip & Driver for windows
၂။ Micromax Android One A1 Android N Nougat 7.0 Update
၃။ OWN Rick
Android N Nougat 7.0 Update တင်နည်း
========================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၃။ ဒေါင်းလော့ရလာတဲ့ Firmware.zip ဖိုင်ကိုဖြည်လိုက်ပြီး ADB Folder ထဲမှာထားပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
fastboot
၅။ Fastboot ဆိုပြီးရိုက်ထည့်လိုက်တာနဲ့ Device ID ကိုရပါလိမ့်မယ် တကယ်လို့
Device ID အဆင်မပြေဘူးဆိုရင်တော့ သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ထားခြင်းကို
စစ်ဆေးကြည့်ရမှာပဲဖြစ်ပါတယ်၊ Bootloader Unlock မပြုလုပ်ရသေးရင်တော့ အဆင်မပြေနိုင်ပါ။
၆။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol up +Vol Down + Power များကိုတွဲနှိပ်ပြီး
Bootloader Mode သို့ဝင်လိုက်ပါ။
၇။ Recovery mode Option မှတင်ယူရမှာဖြစ်လို့ Power ကီးကိုဖိနှိပ်ထားပြီး
Volume Up ကီးကို တစ်ချက်ထပ်နှိပ်ပေးလိုက်ပါ၊ ဖုန်းမှာ Recovery mode သို့
ရောက်သွားပါလိမ့်မယ်။
၈။ ဖုန်းမှာ Boot Mode ၀င်ခြင်း အဆင်ပြေပြီဆိုရင်တော့
အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။
flash-all.bat
၉။ Flashing Process တစ်ခုစတင်နေပါလိမ့်မယ် အချိန်ကြာမြင့်နိုင်ပါတယ်၊
ပြီးဆုံးသွားတဲ့အခါ ဖုန်းမှာ Auto Reboot ကျသွားပါလိမ့်မယ်၊ တကယ်လို့
Auto Reboot မကျခဲ့ရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ၊
ပြန်တက်လာတဲ့အခါ Boot စတင်ချိန် အနည်းငယ်ကြာနိုင်ပါတယ်။
၁၀။ တကယ်လို့ Process အချိန်အတွင်း အဆင်မပြေမှုများဖြစ်ခဲ့ရင်တော့
အထက်ဖေါ်ပြပါ နည်းလမ်းများအတိုင်း ထပ်မံကြိုးစားကြည့်ပါ။
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
11:14 AM
Rating:

No comments: