Oppo R821 4.2.2 Full Backup Flash Tool Firmware
Oppo R821 ဖုန်းအတွက် ဗားရှင်း 4.2.2 Full Backup
Flash Tool Firmware ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို လုပ်လို့ရမယ်တောင် မထင်တော့ပါ ခလုပ်လေးတွေ
သေးသေးလေးနဲ့ Firmware တင်ရန်အတွက် Vol+down များကို
နှိပ်ရတာ လက်ကိုနာနေတာ၊ အဆင်ပြေသွားတော့လည်း သာယာနေတာပဲ။

ဒါပေမယ့် IMEI တော့ အဆင်မပြေပြန်၊ ဖုန်းကို Root လုပ်ပြီးတော့မှ
mobileuncle.toolbox.apk ဖြင့် ပြန်ရေးပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေပြီဆိုတော့မှ Miracle Box ဖြင့် Full Backup ထုပ်ပြီး
အလိုရှိနေကြတဲ့ ညီအကိုတွေလည်း အသုံးပြုရအောင် တင်ပေးလိုက်တာပါ။
ဒေါင်းလော့လင့်လည်း အဆင်ပြေရလေအောင် Mega ကနေတင်ပေးထားပါတယ်
ဖိုင် Size:572.3 MB ရှိပါတယ်၊ လိုင်းကောင်းတုန်းဒေါင်းလော့ရယူထားလိုက်ပါပေါ့။
IMEI ကို Fix ပြုလုပ်ပြီးမှ Backup ထုပ်ပြီးတင်ပေးလိုက်တာပါ ဘာ Password မှ မခံထားပါ၊
တကယ်လို့ Flash လုပ်ပြီးလို့ IMEI အဆင်မပြေခဲ့ရင်တော့ mobileuncle.toolbox.apk ဖြင့်
ပြန်လည်ထည့်သွင်းယူလိုက်ပါခင်ဗျား
Firmware ရေးသားနည်း
===============
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် MTK Device ဆိုင်ရာ
USB Driver များကို အဆင်ပြေအောင်ထည့်သွင်းထားပါ။
၂။ SP Flash Tool ကိုဒေါင်းလော့ပါ ပြီးရင် zip ဖြည့်ပြီး ကိုဖွင့်လိုက်ပါ
၃။ Scatter File ကိုတစ်ချက်နှိပ်ပြီး Firmware Scatter file ရွေးချယ်ပါ
၎။ Flash Tool မှ Download Only ဆိုတာကိုနှိပ်ပြီး ဖုန်းမှာ Vol+Down ကီးကို

ဖိနှိပ်ထားပြီး ဖုန်းကိုကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ။
၅။ Flash Tool မှ Download Only ဖြင့် တင်ယူလို့အဆင်မပြေရင်တော့
Format ရိုက်ပြီး ပြန်တင်ပါ။
Format ရိုက်ပြီး ပြန်တင်ပါ။
၆။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ Firmware ရေး
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ အစိမ်းရောင်ဖြင့်
OK ဆိုပြီး ပြနေရင် Firmware ရေးသားခြင်း အောင်မြင်ပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ အစိမ်းရောင်ဖြင့်
OK ဆိုပြီး ပြနေရင် Firmware ရေးသားခြင်း အောင်မြင်ပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Oppo R821 4.2.2 Full Backup Flash Tool Firmware
Reviewed by ဇူးနစ်
on
6:39 PM
Rating:

No comments: