Root ဖောက်ပြီးသား MTK ဖုန်းတစ်လုံးမှ Firmware backup ထုပ်နည်း

Root ဖောက်ပြီးသား MTK ဖုန်းတစ်လုံးမှ Firmware backup ထုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သိုင်းလောကသားများ အနေဖြင့် ဖုန်းတစ်လုံး၏ Firmware ကို backup ထုပ်နည်း
ဆိုင်ရာတွင် Root ဖောက်ပြီးသား ဖုန်းတစ်လုံးမှ Firmware ကို backup ထုပ်နည်းထက်
Root မဖောက်ရသေးတဲ့ ဖုန်းတစ်လုံးမှ Firmware ကို backup ထုပ်နည်းကိုသာ
သိချင်ကြတာများပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း Root ဖောက်ပြီးသား ဖုန်းတစ်လုံးမှ Firmware ကို backup ထုပ်နည်းက
ပြုလုပ်ရတာလွယ်ကူကြောင်း၊ Box များဖြင့် ထုတ်ယူမလား (သို့) MTK Droid Tool ဖြင့်ပဲထုတ်ယူမလား
Crack Box တွေနဲ့ပဲ ထုတ်ယူမလား စသည်ဖြင့် ကိုယ်အားသန်ရာဖြင့် ထုတ်ယူနေကြမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ သိပြီးသား လူတစ်ယောက်အတွက် လွယ်ကူတယ် ဆိုပေမယ့် မသိသေးတဲ့
သူတွေအတွက်တော့ နည်းလမ်းကျဖို့က လိုအပ်နေဦးမှာပဲဖြစ်ပါတယ်၊ ယခု ဗီဒီယိုင်တွင်
MTK Droid Tool ဖြင့် Root ဖောက်ပြီးသား MTK ဖုန်းတစ်လုံးမှ
Firmware backup ထုပ်နည်းကို နည်းလမ်းကျကျ ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။
Box ရှိသူများနဲ့ Crack Box များဖြင့် ထုတ်ယူနည်းကိုတော့ အထူးပြောနေစရာမလိုတော့ပါ၊
Box အဆင်မပြေကြတဲ့ ညီအကိုများအတွက် Box မလိုပဲ MTK Droid Tool ဖြင့်လည်း
ထုတ်ယူနိုင်ပါတယ်၊ လေ့လာကြည့်လိုက်ပါ။
လိုအပ်ချက်များ
========
၁။ ဖုန်းမှာ USB Debugging ကို Enable ပြုလုပ်ထားပါ။
၂။ သိုင်ဆိုင်ရာ USB Driver ကိုထည့်သွင်းထားပါ။
၃။ Mtk_Droid_Tool_v2.5.3 (နောက်ဆုံးထွက် ပိုကောင်း)
၎။ ဖုန်းမှာ Root Chcker.apk ကိုထည့်သွင်းထားပါ။
၅။ ဖုန်းမှာ Busy box.apk ကိုထည့်သွင်းထားပါ။
၆။ လိုအပ်ရင် Supersu.apk ကို ထည့်သွင်းထားပါ။
၇။ Read the instruction & watch video tutorial
Download MTK Droid Tool
Download Root Checker apk (Play Store)
Download Busy Box apk (Play Store)
Download SuperSu.apk (Play Store)
Backup ထုတ်ယူနည်း
============
၁။ MTK Droid Tool ကိုဖွင့်လိုက်ပါ။
၂။ ဖုန်းကို Normal Mode ဖြင့် ချိတ်ဆက်လိုက်ပါ။
၃။Tool မှ ဖုန်းကိုသိပြီဆိုရင် root,backup,recovery ကိုနှိပ်ပါ။
၎။ Backup ကိုထပ်နှိပ်လိုက်ပါ။
၅။ preloader_and_dsp စသည်ဖြင့် Backup process စတင်ခဲ့ရင်
ပြီးဆုံးအောင် စောင့်နေလိုက်ပါ၊ (USB ကြိုးကိုတော့ မပြုတ်ပါနဲ့)
၆။ task is complete - ဆိုပြီးမြင်နေရရင်တော့ 85% လောက်အဆင်ပြေပါပြီ၊
Backup File ကတော့ MTK Droid Tool > Backups folder> ထဲမှာ
မိမိဖုန်း၏ Model No ဖြင့် Backup Folder လေးရောက်နေပါလိမ့်မယ်။
၇။ MTK Droid Tool ကိုပြန်သွားလိုက်ပါ။
၈။ root,backup,recovery ကိုနှိပ်ပေးပြီး
To prepare blocks of Flash Tool ဆိုတာကိုဆက်နှိပ်ပါ။
၉။ MTK Droid Tool >Backups folder> ထဲမှာရှိတဲ့ မိမိ
ဆွဲထုတ်ထားတဲ့ Folder ထဲကိုဝင်လိုက်ပါ၊ files.md5 ဖိုင်ကို
ရွေးချယ်ပေးပြီး Open ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၀။ Process ပြီးဆုံးအောင်စောင့်နေလိုက်ပါ။
သင့်ဖုန်းမှာ Firmware ကို Full Backup ထုတ်ပြီးပါပြီ။
၁၂။ MTK Droid Tool >Backups folder>Huawei G610-U00
(မိမိ ဖုန်းနာမည်ဖြင့် Backup folder အားလုံးကို ညွှန်းသည်)
၁၃။ 'Files _to_Flash Tool ဆိုပြီး Folder တစ်ခုထပ်တိုးလာပါလိမ့်မယ်။
Backup ဖိုင်ဖြစ်ပါတယ်၊ ကြိုက်တဲ့ Tool ဖြင့် တယ်ယူနိုင်ပါပြီ။
Root ဖောက်ပြီးသား MTK ဖုန်းတစ်လုံးမှ Firmware backup ထုပ်နည်း
====================================
အားလုံးပဲ အဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Root ဖောက်ပြီးသား MTK ဖုန်းတစ်လုံးမှ Firmware backup ထုပ်နည်း
Reviewed by ဇူးနစ်
on
3:22 AM
Rating:

MTK ဆိုတာ ဘာလဲမသိသေးလို့ ရှင်းပြပေးပါ။
ReplyDelete