Samsung Galaxy A7 2016 SM-A710F ဖုန်းကို 6.0.1 Marshmallow OTA Update တင်နည်း
Samsung Galaxy A7 2016 SM-A710F ဖုန်းကိုင်ဆောင်ထားကြတဲ့
သူတွေအတွက် 6.0.1 Marshmallow OTA Update တင်နည်းကို
Update New အဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Samsung ဖုန်းထုတ်ကုန်တွေထဲ လူကြိုက်များတဲ့ ဒီ Galaxy A7 2016 SM-A710F ဖုန်းဟာ
2015 ခုနှစ် December လောက်မှာ ဗားရှင်း Lollipop Version ဖြင့် ထွက်ရှိလာခဲ့ပါတယ်။
အခုတော့ ဒီဖုန်းအတွက် နောက်ဆုံးထွက် ဗားရှင်းဆိုတာကိုမှ အသုံးပြုချင်ကြတဲ့
ညီအကိုအကြိုက်ဖြစ်စေမယ့် 6.0.1 Marshmallow OTA Update ကို Official မှ
တိုက်ရိုက်ချပေးနေပါပြီ၊ Wifi & Data Connection ကောင်းရုံဖြင့် အလွယ်တကူ
Update ပြုလုပ်ပြီး အများနည်းတူ မြူးနိုင်ကြမှာပဲဖြစ်ပါတယ်။

Supporting Versions
============
Samsung Galaxy A7 2016 SM-A710F.
============
Samsung Galaxy A7 2016 SM-A710F.
လိုအပ်ချက်များ
=========
၁။ ဖုန်းရဲ့ Device Mobile No စစ်ကြည့်ပါ။
၂။ ဘက်ထရီအား အနည်းဆုံး 80% နှုန်းရှိရပါမည်။
၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။
၎။ WIFI or Mobile Data များလိုအပ်ပါမည်။
၅။ ဖိုင် Size 1.5 GB ရှိတာမို့ လိုင်းကောင်းဖို့လိုပါမည်။
6.0.1 Marshmallow OTA Update တင်နည်း
========================
Marshmallow OTA Update တင်နည်းကတော့ အရမ်းလွယ်ကူပါတယ်
ဖုန်းကို ကြိုတင်ပြီး Backup ပြုလုပ်ထားပြီးရင်တော့ လိုင်းဆွဲအားလည်း
အဆင်ပြေတယ်ဆိုရင်တော့ အောက်ပါအတိုင်း တင်ယူလိုက်ပါ။
Settings >About >System Update >Update ဆိုပြီး တစ်ချက်နှိပ်ပေးပြီး
တင်ယူလိုက်ရုံပါပဲ မိမိ၏ လိုင်းဆွဲအား အပေါ်မူတည်ပြီး အချိန် ကြာမြင့်နိုင်ပါတယ်၊
မှတ်ချက်။ တကယ်လို့သင့် ဖုန်းအတွက် OTA Update စနစ်ဖြင့် အဆင်မပြေခဲ့သော်
Manual အနေဖြင့် တင်ယူနည်းကို နောက်ထပ်ပိုစ့်တစ်ခုတွင် ထပ်ပြီးလေ့လာလိုက်ပါ။

Reviewed by ဇူးနစ်
on
10:15 PM
Rating:

No comments: