Samsung Galaxy J7 2016 SM-J710F Full Firmware 4 Files
Galaxy J7 2016 SM-J710F ဖုန်း ဗားရှင်း v6.0.1 အတွက်
Full Firmware 4 Files လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တကယ်လို့ မိမိဖုန်းက Root လုပ်ရင်း Brick ဖြစ်နေပြီး Logo မှာပဲ
ရပ်နေတယ်ဆိုရင်တော့ Repair Firmware ဖြင့် ပြန်လည် တင်ယူနိုင်ပါတယ်။

ဒေါင်းလော့လင့်လည်းအရမ်းအဆင်ပြေပါတယ်၊ ဖိုင် size 1.3GB ရှိတာမို့
IDM ဖြင့် လိုင်းကောင်းတုန်း ဒေါင်းလော့ရယူထားလိုက်ပါ။
Galaxy J7 2016 SM-J710F ဖြစ်ပြီး Build No ကတော့
J710FXXU1APCB_OXY1APCB ဖြစ်ပါတယ်။
J710FXXU1APCB_OXY1APCB
How to Install Full Official Firmware
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က Bootloader/PDA/Phone/CSC ဆိုတဲ့နေရာမှာ
Firmware Folder ထဲမှ ဖိုင်များကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Firmware လေးကိုတွေ့မြင်ရပါပြီ။
အဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
4:27 PM
Rating:

No comments: