Samsung Galaxy Note 7 AT&T USA SM-N930A ဖုန်းဗားရှင်း 6.0.1 Marshmallow Root လုပ်နည်း
ဗားရှင်း 6.0.1 Marshmallow Root လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Modified Firmware ကိုပြန်ရေးပြီးမှ
Supersu.zip ဖိုင်ကို Command များဖြင့် Root access ကိုရယူရမှာပဲဖြစ်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy Note 7 AT&T USA SM-N930A အတွက်
သာသီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားရပါမည်။
၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
၂။ Modified Firmware For Galaxy Note 7 AT&T USA SM-N930A
၃။ SuperSu.zip for Galaxy Note 7 AT&T USA SM-N930A

၎။ Samsung USB Driver for window
၅။ Odin Flash Tool for windows
၆။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
How to Install Only tar.file Firmware
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။
Settings >About >Version ဆိုပြီး စစ်ကြည့်လိုက်ပါ။

SuperSu ဖြင့် Root လုပ်နည်း
================
၁။ SuperSu.zip ဖိုင်ကိုဒေါင်းလော့လိုက်ပါ။
၂။ ADB Driver ကို Install ပြုလုပ်လိုက်ပါ။
၃။ SuperSu.zip ဖိုင်ကို ADB folder ထဲမှာထည့်ပါ။
(C:/Program Files/ADB-ထဲမှာရှိနိုင်ပါတယ်-သီးသန့်လည်းထားနိုင်)
၎။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
adb shell
၅။ အောက်ပါ စာကြောင်းရိုက်ထည့် Enter ခေါက်ပါ။
su
၆။ ဒီတစ်ခါ Supersu ကို ထည့်သွင်းမှာဖြစ်တဲ့အတွက် အောက်ပါ

Command များကို ရိုက်ထည့်ပြီး Enter ကိုသာခေါက်ပေးလိုက်ပါ။
adb push sun7 /data/local/tmp/s
၇။ ဒီတစ်ခါ sun7 အတွက် permission ကိုပြောင်းလဲပေးရမှာဖြစ်လို့အောက်ပါအတိုင်း
မှန်အောင်ရိုက်ထည့်ပေးပြီး Enter ကိုခေါက်ပေးလိုက်ပါ။

adb shell chmod 0777 /data/local/tmp/su/*
၈။ Adb shell ကို ဖွင့်မှာမို့ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး
Enter ကီးကိုခေါက်လိုက်ပါ။
adb shell
၉။ ဒီတစ်ခါ အောက်ပါစာကြောင်းများကို တစ်ကြောင်းချင်းစီရိုက်ထည့်ပြီး
တစ်ကြောင်းဆုံးတိုင်း Enter ကိုခေါက်ယူသွားလိုက်ပါ။
cd data
cd local
cd su
၁၀။ Supersu ရဲ့ permissions ကိုရယူဖို့ အောက်အတိုင်းရိုက်ထည့် Enter ခေါက်
su
၁၁။ အောက်ပါ Command ကိုမှန်အောင်ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။
./root.sh
၁၂။ Flashing Process တစ်ခုပြီးအောင်စောင့်နေလိုက်ပါ၊
ပြီးသွားတဲ့အခါ ဖုန်းမှာ Auto reboot ကျသွားပါလိမ့်မယ်။
၁၃။ ပြန်တက်လာတဲ့အခါ Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

Refer - www.androidinfotech.com
ဇူးနစ်(နည်းပညာ)
Samsung Galaxy Note 7 AT&T USA SM-N930A ဖုန်းဗားရှင်း 6.0.1 Marshmallow Root လုပ်နည်း
Reviewed by ဇူးနစ်
on
8:38 PM
Rating:

No comments: