Samsung Galaxy Note 7 Verizon Wireless SM-N930V ဖုန်းကို 6.0.1 Marshmallow တင်နည်း
Galaxy Note 7 Verizon Wireless SM-N930V ဖုန်းအတွက်
အသက်ထွက်ရှိလာတဲ့ 6.0.1 Marshmallow Firmware တင်နည်း
အလိုရှိနေကြတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Galaxy Note 7 Verizon Wireless SM-N930V ဖုန်းအတွက် သီးသန့်ဖြစ်ပါတယ်
တစ်ခြား Model များ၏ Update New များကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။
Firmware တင်ရင်တော့ ပုံမှန်အတိုင်း Odin Flash Tool ကို အသုံးပြုပြီး
PDA နေရာကနေ အလွယ်တကူ Flash ပေးပြီး တင်ယူနိုင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။
၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။
၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။
၎။ Galaxy Note 7 Verizon Wireless SM-N930V အတွက်သာဖြစ်ပါတယ်။
၅။ ဗားရှင်းကတော့ Marshmallow 6.0.1 ဖြစ်ပါတယ်။
Samsung Galaxy Note 7 Verizon Wireless SM-N930V 6.0.1 Marshmallow
How to Install Only tar.file Firmware
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။
အဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Samsung Galaxy Note 7 Verizon Wireless SM-N930V ဖုန်းကို 6.0.1 Marshmallow တင်နည်း
Reviewed by ဇူးနစ်
on
3:17 PM
Rating:

No comments: