Samsung Galaxy S4 I9500 ဖုန်းကို CM13 ဖြင့် Android 6.0.1 Marshmallow တင်နည်း
Samsung Galaxy S4 I9500 ဖုန်းကိုင်ဆောင်ထားကြတဲ့ သူတွေအတွက်
CM13 ဖြင့် Android 6.0.1 Marshmallow တင်နည်းကို မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Android 6.0.1 Marshmallow ဗားရှင်းက ထွက်ရှိလာပြီဆိုတော့လည်း
အသုံးပြုလိုကြတဲ့သူကတော့ အသင့်ထွက်ရှိထားတဲ့ CM13 ကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။
ဒီဖုန်းအတွက် Android 6.0.1 Marshmallow ဗားရှင်းက Custom Rom ဖြစ်တဲ့အတွက်
တကယ်လို့ မိမိဖုန်းမှာသာ တင်သုံးချင်တယ်ဆိုရင်တော့ မိမိဖုန်းမှာ Custom Recovery များ
ထည့်သွင်းထားရပါမယ်၊ ပြီးတော့မှ CM13 custom ROM နဲ့ Google Apps package များကို
Flash ပေးပြီး Marshmallow features များကို အပြည့်အ၀ အသုံးပြုရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
========
၁။ CWM or TWRP Recovery ထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။
၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။
၃။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။
၎။ “Android 6.0.1 CM13 ROM” File ကိုဒေါင်းလော့ရယူပါ။
၅။ Galaxy S4 I9500 ဖုန်းအတွက် Gapps ကိုဒေါင်းလော့ယူပါ
၆။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။
ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

လိုအပ်တာများကို ဒေါင်းလော့ယူပါ
Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
၃။ “Android 6.0.1 CM13 ROM” File နဲ့ Gapps.zip ကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။
၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး “Android 6.0.1 CM13 ROM” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ Gapps.zip ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ
၈။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Custom ROM လေးလန်းနေပါလိမ့်မယ်။
ဇူးနစ်(နည်းပညာ)

Reviewed by ဇူးနစ်
on
6:19 PM
Rating:

No comments: