Samsung Sprint Galaxy S7 edge SM-G935P ဖုန်းကို Root လုပ်နည်း
Samsung Sprint Galaxy S7 edge SM-G935P ဖုန်းကို Root လုပ်ချင်တဲ့
ညီအကိုတွေအတွက် Update New ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သူ့အတွက် အသင့်ထွက်ရှိလာတဲ့
Root File ဖြင့် Odin ကိုအသုံးပြုပြီး Flash ပေးရမှာပဲဖြစ်ပါတယ်၊ ပြီးတော့မှ
SuperSU ဖိုင်ထဲမှာ ပါသည့် ‘root.bat’ file ကို Run ပေးလိုက်ခြင်းဖြင့်
သင့်ဖုန်းကို Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Sprint Galaxy S7 edge SM-G935P ဖုန်း အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window
၂။ Root file fo Sprint Galaxy S7 edge SM-G935P
၃။ Odin Flash Tool for windows
၎။ SuperSu by Chainfire

SM-G935P ဖုန်းကို Root လုပ်နည်း
===================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ Samsung_G930x_QC_Rooted_BOOT.TAR ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ။
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ Samsung_G930x_QC_Rooted_BOOT.TAR ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ PASS ပြရင်
သင့်ဖုန်းကို Kernel ဖိုင်ကိုထည့်သွင်းခြင်း အောင်မြင်ပါပြီ။

၁၀။ ဒေါင်းလော့ရလာတဲ့ Supersu.zip ဖိုင်ကို ဖြည်လိုက်ပါ။
၁၁။ ကွန်ပျူတာတွင် ADB and Fastboot drivers ကိုသေချာအောင်ပြုလုပ်ထားပါ။
၁၂။ Supersu ဖြည်ထားတဲ့ Folder ထဲကို ၀င်လိုက်ပြီး ‘root.bat’ file ကို Run ပေးလိုက်ပါ။
၁၃။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းနဲ့
ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ ကြိုးကို ဖြုတ်လိုက်ပါ။
၁၅။ Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
Samsung Sprint Galaxy S7 edge SM-G935P ဖုန်းကို Root လုပ်နည်း
Reviewed by ဇူးနစ်
on
12:29 AM
Rating:

No comments: