Top Ad unit 728 × 90

Description of Image

latest News

recent

Sasmung Galaxy A7-SM-A710F/FD ဖုန်းဗားရှင်း Android 5.1.1 Root လုပ်ပြီး မြန်မာစာထည့်နည်း 1000%

Sasmung Galaxy A7-SM-A710F/FD ဖုန်းကိုင်ဆောင်ထားကြတဲ့ သူတွေအတွက်
ဗားရှင်း Android 5.1.1 Root လုပ်ပြီး မြန်မာစာထည့်နည်းကို တင်ပေးလိုက်ပါတယ်။

Galaxy A7-SM-A710F/FD အတွက် Android 6.0.1 က India Region ဖြင့်
ထွက်ရှိထားပြီးဖြစ်ပါတယ်၊ ကျနော်ဒေါင်းလော့ပြီး အိပ်ပျော်သွားလို့ မရဘူးလိုက်ဘူး


ပိုင်ရှင်ကလည်း သူ့ဖုန်းကို ဘယ်ဗားရှင်းပဲဖြစ်ဖြစ် မြန်မာစာအမှန်ရရင်ပဲ ကျေနပ်ပြီလုပ်နေတော့
လောဘကြီးပဲဒေါင်းလော့နေတဲ့ Android 6.0.1 လည်း အဆင်မပြေတော့ လက်ရှိပါလာတဲ့
ဗားရှင်း Android 5.1.1 ကိုပဲ Root လုပ်ပြီး မြန်မာစာ 1000% မှန်အောင်ထည့်ပေးလိုက်တယ်။

ပထမ လွယ်မယ်ထင်နေတာ Google ကို လမ်းမလျှောက်ကြည့်တာလည်း ပါနိုင်ပါတယ်
Root လုပ်ကြည့်တယ် ရနိုင်တယ် ဒါပေမယ့် မြန်မာစာ မမှန်နိုင်ဘူး ဆိုတာကို သဘောပေါက်လိုက်တယ်။

ဒီတော့ ကြံကြည့်လိုက်တယ်၊ HTL Firmware ကိုရေးကြည့်လိုက်တယ်၊ Android 5.1.1 ဗားရှင်းပဲနော်
English Zawgyi ဆိုတာပါ တက်လာတယ်၊ ပမတုန်းက မပါဘူး၊ ဟော့...ဆိုပြီး ဆရာကီး စတိုင်နဲ့
ကီးဘုတ်လေးထည့်ပြီး English Zawgyi ကိုအရူးကွက်နင်းကြည့်လိုက်တယ်၊ ဖုန်း Message Box မှာ
မြန်မာစာ အမှန်မြင်နေရပေမယ့်လည်း Browser & Facebook များမှာတော့ လုံးဝမမှန်ပါ...။

ဒီတော့ ဘာလုပ်သင့်သလဲ...ပုံမှန်အတိုင်း အမြစ်တူးဖို့ ထပ်ကြိုးစားရတော့တာပေါ့
ဖြစ်ချင်တော့လည်း ဒီဗားရှင်းအတွက် ဒီ Model အတွက် CF-Auto Root က ထွက်ထားပြန်တယ်။

ရာသီဥတုက သိပ်သာယာလွမ်းပြန်တယ်၊ Odin ကနေ တစ်ချက်တည်းနော် Root ပေါက်ပြီ။
မြန်မာစာထည့်တော့မယ်၊ ဟုတ်ပြီး ပုံမှန်အတိုင်း ကီးဘုတ်လေးကို ထည့်လိုက်တယ်၊ အုံးစား
မခံချင်ပါဘူးလေ ဆိုပြီး Font Changer apk များဖြင့် အရူးထပ်နင်းကြည့်ပြန်တယ်၊ အဟမ်း...

ရေးထားသမျှ Apk တွေသာ ကုန်သွားတယ်၊ မြန်မာစာအတွက် အမှန်မြင်ရဖို့က အရိပ်
အရောင်တောင် မမြင်ပြန်၊ ဒီတော့ ခန နားလိုက်တယ်၊ ဘာကောင်လည်းကွာဆိုပြီး ဖုန်းကို
ကောက်ကိုင်လိုက်တယ်၊ Google ကို တစ်ပတ်ပတ်ကြည့်လိုက်တယ်၊ ဘာရှာမလို့ထင်ပါသလဲ?...

ဟော့ Custom Recovery လေးကို Odin ကနေ Flash ပေးလိုက်တယ်၊ အောင်တယ်ဗျာ
Custom Recovery က Unofficial နော် ဒါပေမယ့် 100% သေချာတယ်၊ အပိုအလိုကိုမရှိတာ...

Custom Recovery အောင်မြင်တယ်ဆိုမှတော့ ဘယ်ပြောကောင်းမယ် zawgyi zip ဖိုင်ကို
Flash လုပ်လိုက်တော့မှ System တစ်ခုလုံးနဲ့ Browser & Facebook အားလုံးအတွက်
မြန်မာစာ Galaxy A7-SM-A710F/FD ဖုန်းမှာ 10000% နှုန်းနော် ပုံတွေကြည့်လိုက်ပေါ့...

 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Sasmung Galaxy A7-SM-A710F/FD ဖုန်း အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


 လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window

၂။ TWRP Recovery for Sasmung Galaxy A7-SM-A710F/FD

၃။ Odin Flash Tool for windows

၎။ SuperSu by Chainfire

၅။ CF-Auto-Root ဖိုင်ဖြင့် Root အရင်လုပ်ပါ။

၆။ TWRP Recovery ထည့်သွင်းပါ။

၇။ Zawgyi.zip ဖိုင်ကို Flash ပေးလိုက်ပါ။









    CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



 TWRP Recovery  ထည့်သွင်းနည်း
====================

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ twrp_3.0.0-0_sm-a710f ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp_3.0.0-0_sm-a710f ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို Volume Up +Down + Home+ Power ကီးများကို တွဲနှိပ်လိုက်ပါ၊
Download Mode အနေအထားကနေ ပါဝါပိတ်ပြီး အမဲရောင်ကာလာဖြစ်သွားတဲ့အခါ
Volume Down ကီးကို လွှတ်လိုက်ပြီး Volume Up + Home+ Power ကီးများကို
ထပ်နှိပ်ထားလိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။

မြန်မာစာထည့်သွင်းနည်း
=============
၁။ Frozen Keyboard 202_3.0.2_apk ကိုထည့်သွင်းလိုက်ပါ။

၂။ TotalSolution 3.0 ZawgyiBase ကို Copy ကူးပြီး SD Card သို့ထည့်ပါ။

၃။ Volume Up + Home+ Power ကီးများကိုနှိပ်ပြီး Custom Recovery သို့ဝင်ပါ။

၎။ Custom Recovery တွင် SD Card တွင်ရှိသော TotalSolution 3.0 ZawgyiBase ကို
Flash ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်း Successful လို့ပြခဲ့ရင်တော့ ဖုန်းကို Reboot ချပါ။

၅။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ မြန်မာစာကို 1000% နှုန်း မြင်ရပါလိမ့်မယ်။


မြန်မာစာအတွက် အောက်ပါတွေကိုကြည့်ပါ။




ဇူးနစ်(နည်းပညာ)


www.zunite.org



Sasmung Galaxy A7-SM-A710F/FD ဖုန်းဗားရှင်း Android 5.1.1 Root လုပ်ပြီး မြန်မာစာထည့်နည်း 1000% Reviewed by ဇူးနစ် on 10:07 AM Rating: 5

1 comment:

  1. တ​နေ့ထဲ firmware4ခါတင်ကြည့်တယ်
    Languageမှာ zawgyiရယ် unicode ကော
    ပြန်မပါလာတော့ဘူး နောက်ဆုံး root ဖောက်ပြီး
    Zawgyi samsungEnableလေးနဲ့ ပြန်စော်လိုက်ရတယ်Android 6.0.1မှာလုံးဝအစဉ်မပြေပါဘူး
    နောက်ဆုံတော့ 5.1.1လေးနဲ့ဘဲဖြေသိပ်တော့မယ်

    ReplyDelete

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.