Xiaomi Mi Max ဖုန်းဗားရှင်း Android 6.0 Marshmallow ကို TWRP Recovery ထည့်သွင်းနည်း
Xiaomi Mi Max ဖုန်းဗားရှင်း Android 6.0 Marshmallow အတွက်
TWRP Recovery ထည့်သွင်းနည်းကို ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock ပြုလုပ်ပါမယ်
ပြီးတော့မှ Custom Recovery ထည့်သွင်းရပါမည်၊ နောက်ဆုံး Supersu ဖြင့်
Recovery Mode မှ Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းကို Bootloader Unlock ပြုလုပ်မယ်ဆိုရင်တော့ MiFlash Tool ကို
အသုံးပြုပြီး Official ကျကျ အလွယ်တကူ ပြုလုပ်ယူနည်းကို လေ့လာကြည့်ပါ
Custom Recovery ကတော့ ဒီဖုန်းအတွက် TWRP 3.0.2.0 Recovery ထွက်
ရှိထားပြီးပါပြီ၊ ဒါက Official TWRP Recovery ဖိုင်လည်း ဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ADB and fastboot နဲ့ driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
=========
၁။ ADB and fastboot နဲ့ driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
၂။ မိမိဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
၃။ TWRP Recovery for Mi Max
Minimal ADB and Fastboot Tool
Download Here ADB & Fastboot Zip
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး ‘recovery.img’ ဆိုပြီး
နာမည်ပြောင်း ADB & Fastboot Folder မှာထည့်ထားပါ။
၃။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၅။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“adb reboot bootloader”
သို့တည်းမဟုတ် ဖုန်းကို ပါဝါပိတ်ပြီး “Power + Volume Down" ကီးများကို
တစ်ပြိုက်နက်တည်း တွဲနှိပ်ပြီးလည်း ၀င်ယူနိုင်ပါတယ်။
၆။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု

အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။
fastboot devices
fastboot devices
၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
“fastboot flash recovery recovery.img”

၈။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက် အောက်ပါ
comannd ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။
fastboot boot recovery.img
fastboot boot recovery.img
သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“volume up + power button” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။

၉။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။
ဇူးနစ်(နည်းပညာ)
Xiaomi Mi Max ဖုန်းဗားရှင်း Android 6.0 Marshmallow ကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
11:53 PM
Rating:

No comments: