ZTE Axon 7 ဖုန်းကို Bootloader Unlock ပြုလုပ်နည်း
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို သက်ဆိုင်ရာ Tip & Trick များကို ပြုလုပ်ချင်တယ်ဆိုရင်တော့
ပထမဆုံး ကျော်ဖြတ်ရမယ့် အဆင့်ကတော့ Bootloader ပါပဲ ဒီတော့
မိမိဖုန်းကို စိတ်ကြိုက် ကလစ်ချင်တဲ့ သူတွေကတော့ ဖုန်းမှာ Bootloader ကို
Unlocking ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်၊ အောက်မှာလေ့လာကြည့်လိုက်ပါ။
ငြင်းဆိုချက်
======
၁။ ဖုန်းကို Bootloader Unlocking ပြုလုပ်ခြင်းသည် ဖုန်း၏ warranty ပျက်စီးနိုင်ပါတယ်။
၂။ ဖေါ်ပြနည်းလမ်းအတိုင်း ပြုလုပ်ပါရန်၊ တကယ်လို့ သင့်ဖုန်းမှာ damage (ပြသနာ) တစ်စုံတစ်ခု
ဖြစ်ခဲ့လျှင်တော့ ဇူးနစ်(နည်းပညာ) မှ လုံးဝတာဝန်ယူ ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ပါ။
၃။ ဖုန်းကို ကြိုတင် Backup တစ်ခုပြုလုပ်ထားပါ။
၎။ ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
၅။ Read instrucion (လမ်းညွှန်အတိုင်းပြုလုပ်ပါ)

ZTE Axon 7 18B to 20B zip file
ZTE Axon 7 ဖုန်းကို 20B Version တင်နည်း
========================
၁။ 18B to 20B OTA File for ZTE Axon 7 ဒေါင်းလော့လိုက်ပါ။
၂။ Recovery Mode သို့ဝင်လိုက်ပါ။
၃။ Apply update from SD card ကိုရွေးချယ်ပါ။
၎။ SD Card တွင်ရှိသည့် OTA zip ဖိုင်ကို Flash ပေးလိုက်ပါ။
၅။ Process ပြီးသွားရင်တော့ Bootloader Unlock ပြုလုပ်နိုင်ပါပြီ။

Bootloader Unlock ပြုလုပ်နည်း
==================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၃။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol up +Vol Down + Power များကို
တွဲနှိပ်ပြီး Bootloader Mode သို့ဝင်လိုက်ပါ။
၎။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။
၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၆။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb reboot bootloader
၇။ ဖုန်းမှာ Fastboot mode သို့ရောက်သွားပါလိမ့်မယ်၊ ချိတ်ဆက်မှု အဆင်ပြေ
မပြေစမ်းကြည့်လိုက်ပါ အောက်ပါစာကြောင်းကို မှန်အောင်ရိုက်ထည့် Enter ကီးကိုခေါက်ပါ။
fastboot devices

၈။ Devices အချင်းချင်းလည်း ချိတ်ဆက်မှုအဆင်ပြေတယ်ဆိုရင်တော့
အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။
fastboot oem unlock
၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
confirm ပြုလုပ်ပေးရမှာဖြစ်လို့ Volume up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။
အောင်မြင်ပြီးစီးကြောင်း Success message ကို မြင်နေရပါလိမ့်မယ်။
၈။ အောင်မြင်ကြောင်း message မြင်နေရတဲ့အခါ Power ကီးကိုနှိပ်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ Boot စတင်ချိန် အနည်းငယ်ကြာနိုင်ပါတယ်။
ဇူးနစ်(နည်းပညာ)
www.zunite.org
အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။
fastboot oem unlock
၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
confirm ပြုလုပ်ပေးရမှာဖြစ်လို့ Volume up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။
အောင်မြင်ပြီးစီးကြောင်း Success message ကို မြင်နေရပါလိမ့်မယ်။
၈။ အောင်မြင်ကြောင်း message မြင်နေရတဲ့အခါ Power ကီးကိုနှိပ်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ Boot စတင်ချိန် အနည်းငယ်ကြာနိုင်ပါတယ်။
ဇူးနစ်(နည်းပညာ)
www.zunite.org
ZTE Axon 7 ဖုန်းကို Bootloader Unlock ပြုလုပ်နည်း
Reviewed by ဇူးနစ်
on
8:20 AM
Rating:

No comments: