Top Ad unit 728 × 90

Description of Image

latest News

recent

Android Partitions များကိုလေ့လာကြည့်ခြင်း


Android Partitions များကိုလေ့လာကြည့်ခြင်းဆိုတာကို beginner level user များနဲ့ မိုဘိုင်းဖုန်းပညာကို
အထူးစိတ်ဝင်တစားဖြင့် လေ့လာလိုက်စားနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အင်္ဂလိပ်လိုက Android Partitions ဆိုပြီး သုံးနှုန်းတယ် မြန်မာလိုတွေးရင်တော့ "ဖုန်းတစ်လုံးတွင် ပါဝင်နေသည့် အစိတ်အပိုင်း" ဟုတ်ပါပြီ အခုခေတ်က နည်းပညာခေတ် ဆိုတော့ ခေတ်နှင့် အညီ လိုက်မျှောစီးပါနေကြရတဲ့  ကျွန်တော်တို့အားလုံးဟာ တီထွင်မှု အသစ်အဆန်းများဖြင့် အထောက်အပံ့ပေးနေတဲ့ နည်းပညာများကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး...


အနည်းဆုံး မလိုအပ်ဘူး ဆိုတောင်မှ အိမ်က မိသားစုတွေနဲ့ တနေတကျေးမှ ဆက်သွယ်နိုင်အောင် ဖုန်းကိုယ်စီတော့ ကိုင်ထားကြရမှာပဲဖြစ်ပါတယ်၊ ခေတ်ဟောင်းများကို ကြိုဖြတ်ပြီးခဲ့ကြပါပြီ၊ ခေတ်သစ် အနေအထားတွင် Social များနဲ့ အခြားသော ဘ၀နေထိုင်မှု အားလုံးအတွက် ခေတ်ပေါ်နည်းပညာများဖြင့် ဘ၀ကို တည်ဆောက်လာကြတာကိုလည်း ခေတ်လူငယ်တစ်ယောက်ဆိုရင် ခေတ်အတွေး အမြင်များဖြင့် ကြည့်တတ်ရင်တော့ မြင်ကြမှာပဲဖြစ်ပါတယ်။

ဒီတော့ နေ့စဉ်ဘ၀ အတွက် မရှိမဖြစ် ဆောင်ထားကြရတာ Android စမတ်ဖုန်းဆိုတာဘာလဲ
 တွေးကြည့်ရင် စက်ရုပ်လေးလို့ ဖြေကြမှာပါပဲ...စက်ရုတ်ပဲ လို့ သိထားရုံဖြင့် လုံလောက်ပြီလားဆိုရင်တော့ ဖုန်းနည်းပညာပိုင်းကို စိတ်မ၀င်ကြတဲ့ သူတွေအတွက်တော့ လုံလောက်ပြီလို့ ပြောလို့ရပေမယ့်လည်း
 လေ့လာလိုသူတွေအတွက်တော့ မလုံလောက်နိုင်သေးပါဘူး၊ 

 ဒါကြောင့် စက်ရုတ်လို့ ပြောနေကြတဲ့ Android စမတ်ဖုန်းတစ်လုံးတွင် ဘယ်လို ပစ္စည်းမျိုးနဲ့ ဘယ်လို အကြောင်းအရာတွေက အဓိက အလုပ်လုပ်နေကြသလဲ ဆိုတာကို ထပ်ပြီး လေ့လာထားသင့်ပါတယ်၊ General Knowledge အနေဖြင့် တကယ်လည်း သိထားသင့်တဲ့ အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။

Android Partitions များကို မလေ့လာခင် Android Phone များကို Firmware တင်သည့်လုပ်ငန်းစဉ်ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အားလုံးလည်း သိပြီးဖြစ်တဲ့ Firmware ဆိုတာကတော့ ROM ထဲမှာရှိတဲ့ Operating System ကိုပြောတာပဲဖြစ်ပါတယ်။

Firmware တင်တယ် ဆိုတာကတော့ Phone ရဲ့ ROM (Read Only Memory) ထဲကို 
Firmware File ပြန်လည်ထည့်သွင်းတာကို ပြောတာဖြစ်ပါတယ်။

အဲဒီလို Firmware ပြန်တင်တဲ့အခါ ROM ထဲမှာရှိတဲ့ Partitions တွေထဲကို Flash လုပ်ယူရပါတယ်၊ ဒါဆိုရင်တော့ Partitions တွေထဲကို ဘယ်လို Flash လုပ်ယူနိုင်တာလဲ ပြီးတော့ ဘယ်အရာတွေကို Partitions လို့ခေါ်ဆိုတာလဲ ဆိုတဲ့ အကြောင်းအရာတွေကို နားလည်ထားဖို့ လိုလာပါပြီ။


Partitions ဆိုတာ
--------------------
Android ဖုန်းတစ်လုံးရဲ့ Partitions ဆိုတာ memory တစ်ခုကို 
အပိုင်း အကန့်ခွဲထားတာကို ပြောတာဖြစ်ပါတယ်။

၎င်း Partitions တွေရဲ့ တစ်ခုချင်းစီထဲက File များတွင်လည်း 
တစ်ခုနဲ့ တစ်ခု မတူညီတဲ့ လုပ်ဆောင်ချက်တွေရှိကြပါတယ်။

ဒါကြောင့် Android Partitions လို့ခေါ်တဲ့ ဖုန်းတစ်လုံးတွင် အဓိက ပါဝင်နေသည့် အစိတ်အပိုင်းများကို လေ့လာထားခြင်းဖြင့် Software ပိုင်းအတွက် ပြုပြင်ရာတွင် လွယ်ကူထိရောက်မှုလည်း ရှိလာမှာဖြစ်ပါတယ်။


Partitions နှစ်မျိုး
------------------
Partitions တွင်လည်း ယေဘုံယျ အားဖြင့် internal partitions နှင့် 
external partitions ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါသေးတယ်။


Six partitions in any Android devices
--------------------------------------------
Android Phone အားလုံးရဲ့ အခြေခံ Partitions များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

   
1. /boot
   
 2. /system
  
  3. /recovery
   
 4. /data
  
 5. /cache
 
    6. /misc


အထက်ပါ Partitions သည့် internal partitions ဖြစ်ပြီးဖုန်း၏ အတွင်းပိုင်းဖြစ်ပါတယ်။


External partitions
------------------------
External ဆိုတာနဲ့ SD Card ဆိုတာကို သိပြီးဖြစ်ကြမှာပါ
ထို SD Card တွင်လည်း အောက်ပါအတိုင်း ခွဲခြားနိုင်ပါသေးတယ်။


 1. /sdcard + (sdcard2 is some cases)
   
2. /sd-ext


Boot Partition (/boot)
----------------------------
As its name suggests, boot partitions contains the files that facilitates the boot process of Android device. 
The ramdisk and the kernel are also found on this partition.

Boot Partition တွင် Kernel နဲ့ ramdisk ဆိုပြီး အစိတ်အပိုင်းနှစ်ခု ထပ်ပါဝင်နေပါတယ်၊
Kernel က Software နဲ့ Hardware ကို ချိတ်ဆက် အလုပ်လုပ်ပေးတာပဲဖြစ်ပါတယ်။

တကယ်လို့ ဖုန်းမှာ Kernel သာ error ဖြစ်ခဲ့ရင်တော့ Hardware နဲ့ပတ်သက်တဲ့ 
အပိုင်းအတွက် လုပ်ဆောင်မှုတွေ ပြဿနာ ဖြစ်နိုင်ပါတယ်။


Recovery Partition (/recovery)
-------------------------------------
This partition lets you boot in recovery mode. While in recovery mode, you can perform plenty of functions like wiping your data / userdata partition to restore your device to factory settings and clearing cache partition.

Recovery Partition တွင် Phone ကို Recovery Mode ၀င်ရန်အတွက် 
လိုအပ်သော File များပါဝင်တယ်။

ထို Recovery Partition တွင်လည်း Stock Recovery & Custom Recovery ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်၊

Stock Recovery Mode
---------------------------
Stock Recovery တွင် limite အနေဖြင့်သာ ပေးထာတာမို့
အောက်ပါ functions များကို ပြုလုပ်နိုင်ပါတယ်။

OTA update files များကို Flash ပြုလုပ်နိုင်တယ်၊ Boot Partition, System Partition,
User Data Partition, Cache Partition များကိုလည်း Format ချပေးနိုင်ပါတယ်။


Custom Recovery Mode

-----------------------------
Custom Rom များတင်ယူနိုင်ခြင်း၊ Root လုပ်ခြင်း၊ Firmware ကို backup & Restore ပြုလုပ်နိုင်ခြင်း
စသည့် functions များကို ကျွမ်းကျင်မှု အပေါ်မူတည်ပြီး ပြုလုပ်ယူနိုင်ပါတယ်။


System Partition (/system)
---------------------------------
System File တွေရှိတဲ့ Partition ဖြစ်ပါတယ်၊ ထိုတွင် Systm Application များနဲ့ Fonts တွေရှိနေတဲ့
နေရာလည်းဖြစ်ပါတယ်၊ ၎င်း Partition အပိုင်းသာ error ဖြစ်ခဲ့ရင်တော့ Phone logo ကနေ ဆက်မတော့ပဲ boot loop ဖြစ်နေတတ်ပါတယ်။ 

(အဲဒါကိုပဲ Firmware ကျတယ်လို့လည်း အလွယ်ခေါ်ကြပါတယ်)


Data Partition (/data)
----------------------------
အသုံးပြုသူရဲ့ Data တွေကို သိမ်းဆည်းထားပေးရာ အပိုင်းဖြစ်ပါတယ်၊ user settings များနဲ့ 
customization ဖြစ်ကြတဲ့ User Application တွေ၊ Contacts တွေ၊ Message တွေ၊ 
Password တွေ စသည်တို့ကို သိမ်းထားပေးတဲ့ အပိုင်းလို့ သတ်မှတ်ထားရပါမယ်၊ 

ဖုန်းရဲ့ Password ကိုမေ့သွားခဲ့ရင်တော့ Recovery ကနေ 
၎င်း Partition ကိုရှင်းလင်းနိုင်မှာပဲဖြစ်ပါတယ်။


Cache Partition (/cache)
------------------------------
Cache File တွေရှိတဲ့ အပိုင်းဖြစ်ပါတယ်၊ Cache File တွေက App တွေရဲ့ လက်တလော 
အသုံးပြုနေတဲ့ Data တွေကိုယာယီအနေနဲ့ မှတ်သားပေးတာ ဖြစ်ပြီး ၎င်းတို့ကို ရှင်းပစ်လည်း ပြဿနာမဖြစ်ပါဘူး၊  ဖုန်းလေးလံလာမှုတွေက ဒီ Cache File တွေကြောင့်လည်းဖြစ်သလို၊ Application တွေကိုအသုံးပြုနေသ၍တော့ Cache ဖိုင်တွေလည်း အမြဲတမ်း ထွက်နေဦးမှာပဲဖြစ်ပါတယ်။


Misc Partition (/misc)

--------------------------
System Settings တွေကို သိမ်းထားပေးတဲ့ အပိုင်းဖြစ်ပါတယ်၊ ဒီ Partition တွင် Carrier or Region ID/ USB Configuratin နှင့် Miscellaneous လို့ခေါ်တဲ့ hardware settings များ စသည်တို့ပါဝင်နေပါတယ်။ 

အရေးကြီးတဲ့ Partition ဖြစ်ပြီး ၎င်း Partition ပျက်စီးပါက များစွာသော 
Device အတွက် လုပ်ဆောင်ချက်တွေကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တော့ပါဘူး။


SDCard Partition (/sdcard)

----------------------------------
ဒီ Partition အပိုင်းကတော့ အသုံးပြုသူ users များရဲ့ Device အပေါ်မူတည်ပြီး
files များနဲ့ data များကို မြန်နှုန်းအား space ကို ဦးစားပေးတာပဲဖြစ်ပါတယ်။

ပြီးတော့ sdcard partition က user data တွေနဲ့ app settings များကိုလည်း ထိမ်းသိမ်းပေးနိုင်သလို
internal Store မှ မလိုအပ်တဲ့ App များကို ရွေ့ပြောင်းပြီး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်၊ အဟောင်း 
Data များနဲ့ App များကိုလည်း မလိုအပ်တော့ရင် သို့မဟုတ် Format ချလိုရင်လည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။


SD-Ext Partition (/sd-ext)
-------------------------------
SD-Ext Partition ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ custom ROMs များနဲ့ mods များအတွက် အသင့်တော်ဆုံးဖြစ်ပါတယ် ပြီးတော့ data partition နဲ့ user data များနဲ့ settings ပိုင်းတွင် အလုပ်လုပ်ပါတယ်။

Internal memory ပိုင်းတွင် limite ဖြစ်နေတဲ့ SD card အဆင်မပြေမှု internal storage ပြည့်နှက်မှုများကို ကူညီပေးနိုင်တဲ့ Partition လည်းဖြစ်ပါတယ်၊ ဒီ အပိုင်းကိုရှင်းထုတ်ပစ်လိုက်ရင်တော့ settings, contacts, messages များနဲ့
အခြားသော data store များပျက်စီးသွားတတ်ပါတယ်။

အမှားပါခဲ့ရင် နားလည်ပေးကြပါခင်ဗျား



အားလုံးကိုကျေးဇူးတင်ပါတယ်





Ref- Android System စာအုပ် (Sithu Paing)

 &


  
ဇူးနစ်(နည်းပညာ)




Android Partitions များကိုလေ့လာကြည့်ခြင်း Reviewed by ဇူးနစ် on 8:34 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.