Top Ad unit 728 × 90

Description of Image

latest News

recent

အပြောင်းအလဲများစွာ ပြုလုပ်ထားပြီး ရေစိုခံသည့် iPhone 7 ကို Apple မိတ်ဆက်ကြေညာ

Apple သည် အပြောင်းအလဲများစွာ ပြုလုပ်ထားသော iPhone 7 သစ်ကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သောပွဲ၌ တရားဝင် မိတ်ဆက်ပေးခဲ့သည်။

ဒီဇိုင်း

iPhone 7 သည် ရေစိုဒဏ်နှင့် ဖုန်ဒဏ်ခံနိုင်ပြီး ရေအနက် တစ်မီတာတွင် မိနစ် ၃၀ အထိ အသုံးပြုနိုင်သည်။ ဒီဇိုင်းမှာ ယခင်အမျိုးအစားနှင့် အလွန်တူညီသော်လည်း အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားသည်။ ၄.၇ လက်မ Retina HD display ကို အသုံးပြုထားပြီး ၂၅ ရာခိုင်နှုန်း ပိုမိုကြည်လင် တောက်ပသည်။

iPhone 7 ကို Jet Black နှင့် Black အပြင် Gold, Silver, Rose Gold ဖြင့်လည်း ရရှိနိုင်သည်။

ကောလာဟလ သတင်းများအတိုင်း နားကြပ်ပေါက် ပါဝင်လာခြင်း မရှိသောကြောင့် နားကြပ်များကို lightning port မှသာ အသုံးပြုရမည်ဖြစ်သည်။ ဖုန်းဘူးခွံတွင် lightning cable ဖြင့် သုံးနိုင်မည့် EarPod နားကြပ်သစ်နှင့် ၃.၅ မီလီမီတာ နားကြပ်အတွက် Lightning port adapter တစ်ခုပါဝင်သည်။ ဖုန်း၏ အသံစနစ်မှာ ပိုမိုကောင်းမွန်လာပြီး စတီရီယို စပီကာများကို အသုံးပြုထားသည်။

အခြားအပြောင်းအလဲ တစ်ခုမှာ Home ခလုတ်သစ်ဖြစ်သည်။ Home ခလုတ်သစ်တွင် haptic feedback ကို အသုံးပြုထားသောကြောင့် ဖိအားကို သိရှိနိုင်သည်။

iPhone 7 ၏ ထိပ်ဘက်နှင့် အောက်ခြေဘက်တွင် စတီရီယို စပီကာများ တပ်ဆင်ထားသည်။ ၎င်းသည် iPhone 6s ထက် အသံနှစ်ဆ ပိုမိုကောင်းမွန်သည်။

ကင်မရာ

iPhone 7 တွင် အဆင့်မြှင့်ထားသည့် 12MP ကင်မရာ၊ f/1.8 aperture နှင့် optical image stabilization ကို အသုံးပြုထားသည်။ အဆိုပါ ကင်မရာသည် ယခင် ကင်မရာစနစ်ထက် ၆၀ ရာခိုင်နှုန်း လျင်မြန်သည်။ LED flash ကိုလည်း အဆင့်မြှင့်ထားပြီး ယခုအခါ LED လေးခု ပါဝင်လာသည်။ အရှေ့ဘက်ကင်မရာက 7MP ဖြစ်ပြီး HD ဗီဒီယိုများ ရိုက်ကူးနိုင်သည်။

iPhone 7 Plus ၏ ကျောဘက်တွင်မူ ကင်မရာနှစ်ခုပါဝင်သည်။ ကင်မရာတစ်ခုက wide angle 28mm ဖြစ်ပြီး ကျန်တစ်ခုက telephoto 56mm ဖြစ်သည်။ ကင်မရာနှစ်ခုစလုံးက 12MP ဖြစ်သည်။ အဆိုပါ ကင်မရာနှစ်ခုဖြင့် ဓာတ်ပုံများကို အကြီးချဲ့ကာ ရိုက်ကူးနိုင်သည်။

စွမ်းဆောင်ရည်

Apple သည် iPhone 7 တွင် မျိုးဆက်သစ် A10 Fusion ချစ်ပ်ကို အသုံးပြုထားသည်။ ၎င်းသည် quad-core CPU ဖြစ်ပြီး A9 ချစ်ပ်ထက် ၄၀ ရာခိုင်နှုန်း၊ A8 ထက် နှစ်ဆ ပိုမိုလျင်မြန်သည်။ GPU သစ်ကလည်း A9 ၏ GPU ထက် ၅၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည်။

ဘက်ထရီ

iPhone 7 ၏ ဘက်ထရီ သက်တမ်းမှာ ပိုမိုကောင်းမွန်လာပြီး iPhone 6s ထက် နှစ်နာရီကျော်ကြာ အသုံးပြုနိုင်ကြောင်း Apple မှ ပြောကြားခဲ့သည်။ iPhone 7 Plus ကမူ iPhone 6s plus ထက် တစ်နာရီ ပိုမိုအသုံးပြုနိုင်သည်။

ဈေးနှုန်း

iPhone 7 ကို ၆၄၉ ဒေါ်လာဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး 32GB, 128GB, 256GB ဖြင့် ရရှိနိုင်သည်။ iPhone 7 Plus ကိုလည်း 32GB, 128GB နှင့် 256GB အမျိုးအစားများဖြင့် ရရှိနိုင်ပြီး တန်ဖိုး ၇၆၉ ဒေါ်လာဖြင့် စတင်မည်ဖြစ်သည်။

Apple iPhone သစ်များကို စက်တင်ဘာလ ၉ ရက်တွင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၁၆ ရက်တွင် ရောင်းချမည်ဖြစ်သည်။

 
Ref: GSMArena



Internet Journal




ဇူးနစ်(နည်းပညာ)




အပြောင်းအလဲများစွာ ပြုလုပ်ထားပြီး ရေစိုခံသည့် iPhone 7 ကို Apple မိတ်ဆက်ကြေညာ Reviewed by ဇူးနစ် on 9:33 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.