ဖုန်းပြု ပြင်သူတိုင်း ဆောင်ထားသင့်တဲ့ Partitions Backup & Restore 1.6.0 APK
Partitions Backup & Restore 1.6.0 APK ကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဖုန်းပြု ပြင်ပေးတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲကောင်းလေးပါ
ဆော့ဝဲလေးတွေမတင်ဖြစ်တာကြာပြီမို့ မိုဘိုင်းဖုန်းပြုပြင်နည်းဘက်ကို
အလေးထားကြတဲ့ ညီအကိုတွေ ဆောင်ထားလို့ရအောင် မိတ်ဆက်ပေးလိုက်တာပါ။

ဖုန်းတစ်လုံးတွင် အရေးကြီးတဲ့ Bootloader, Kernel (Boot) တွေနဲ့ sensitive partitions များ
အရေးတစ်ကြီး Backup ဆွဲထုတ်ထားသင့်တဲ့ EFS (IMEI) များ ပြီးတော့ Modem partition များကိုပါ
အလွယ်တကူ Backup ပြုလုပ်ယူနိုင်မယ့် ဆော့ဝဲကောင်းလေးဖြစ်ပါတယ်။
Restore ပြုလုပ်ရန်တွင်လည်း ဒီဆော့ဝဲလေးဖြင့် (Boot, Recovery, EFS, Modems...) များကို
ဖုန်းမှာတင် အလွယ်တကူ Restore ပြုလုပ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
File Size 3.1M သာရှိပါတယ်၊ အသုံးပြုမယ်ဆိုရင်တော့ ဖုန်းဗားရှင်း
Android 3.0 and up အထက် ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။
လိုအပ်ချက်
========
ဖုန်းကို Root ဖောက်ထားရပါမည်
Features
======
☆ Backup to SdCard or External SdCard
☆ Restore raw partition images
☆ Highlight all related IMEI/EFS partitions
☆ Support 3 backup formats :
☆☆☆ Raw partition image (Can be restored through the application)
☆☆☆ Tar archived image
☆☆☆ Compressed GZ image

ဆော့ဝဲကို install ပြုလုပ်ပါ
==============
Superuser permissions ပြုလုပ်ပါ
===================
Root Access ရရှိထားပြီးသား ဖုန်းတစ်လုံးကို အဆိုပါ Partitions Backup ဆော့ဝဲကို
အသုံးပြုချင်တယ်ဆိုရင်တော့ Superuser permissions ပြုလုပ်ပေးထားရမှာပဲ ဖြစ်ပါတယ်။
Partitions Backup app ကိုဖွင့်လိုက်ပြီး Grant ဆိုတာကိုနှိပ်ပေးလိုက်ပါ။

Storage သတ်မှတ်ချက်များ
===============
၁။ Backup File ကိုများကို သိမ်းဆည်းဖို့ရန် SD Card GB များရင်
များသလို သိမ်းဆည်းထားရန်အတွက် ပိုကောင်းပါတယ်။
၂။ internal memory သည် မိမိ သိမ်းဆည်းလိုတဲ့ Backup File အတွက်
ဝင်ဆန့်မှု ပမာဏ capacity လုံလောက်သေးတယ်ဆိုရင်တော့ သိမ်းဆည်းပါ။

Backup formats ဖိုင်ရွေးချယ်နည်း
===================
Backup formats ဖိုင်ရွေးချယ်ရာတွင် ဖုန်းအမျိုးအစားအလိုက် ခွဲခြားပြီး
ရယူနိုင်မှာ ဖြစ်တဲ့အတွက် အောက်ပါ အတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။
၁။ Samsung Devices များအတွက် "Tar archive" (tar) ဆိုတာကို ရွေးချယ်ပြီး
Backup ထုတ်ယူပါ၊ (Tar ဖိုင်မှန်သမျှ Odin ဖြင့် Flash ပြုလုပ်ယူနိုင်ပါတယ်)
၂။ Fastboot commands များကို အသုံးပြုပြီး Flash ပြုလုပ်လိုတယ်ဆိုရင်တော့
Raw partition image (img) ဖိုင်ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Partitions များကို Backup ပြုလုပ်နည်း
=====================
Partitions များကို Backup ပြုလုပ်ရာတွင် မိမိစိတ်ကြိုက်ရွေးချယ်ပြီး
Backup ထုတ်ယူနိုင်မှာ ဖြစ်တဲ့အတွက် အောက်ပါပုံတွေကို လေ့လာကြည့်ပါ။
၁။ အောက်ပါပုံအတိုင်း Partitions များအားလုံးကို Backup ထုတ်လိုတယ်ဆိုရင်တော့
အားလုံးကို အမှန်ခြစ်၍ Backup ဆိုတာကိုနှိပ်ပေးလိုက်ပြီး ထုတ်ယူနိုင်ပါတယ်။

၂။ single partition အနေဖြင့်သာ ရွေးချယ်ပြီး Backup ထုတ်လိုတယ်
ဆိုရင်တော့ မိမိအတွက် လိုအပ်တဲ့ Partition ကိုသာ ရွေးချယ်ပေးလိုက်ရုံပါပဲ။

၃။ Boot ကိုသီးသန့်ထုတ်ယူချင်တယ်ဆိုရင်တော့ boot ဆိုတာကို
အမှန်ခြစ်ပေးပြီး Backup ထုတ်ယူလိုက်ပါ အောက်ပါပုံအတိုင်း။

ဇူးနစ်(နည်းပညာ)
ဖုန်းပြု ပြင်သူတိုင်း ဆောင်ထားသင့်တဲ့ Partitions Backup & Restore 1.6.0 APK
Reviewed by ဇူးနစ်
on
12:25 PM
Rating:

No comments: