Qualcomm ဖုန်းများအတွက် Smart Phone Upgrade Tool နဲ့အသုံးပြုနည်း
Qualcomm ဖုန်းများအတွက် Smart Phone Upgrade Tool နဲ့အသုံးပြုနည်းကို
ဖုန်းကလစ်သူများနဲ့ ဆားဗစ် သများဘော်ဒါတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တကယ်လို့ သင့်ဖုန်းက Qualcomm based ကို အခြေခံထားတဲ့ Android smartphone နဲ့
tablet တစ်လုံးဆိုရင်တော့ ဒီ Smart Phone Upgrade Tool ကိုဆောင်ထားသင့်ပါတယ်။

ဒီတော့ Smart Phone Upgrade Tool ကဘယ်မှာ အသုံးဝင်သလဲပေါ့ သင့်ဖုန်းက
အကြောင်းကြောင့်းကြောင့် Brick ဖြစ်နေခဲ့ရင်တော့ Stock သို့တည်းမဟုတ်

Custom Rom Firmware များကို ပြန်လည် Flash နိုင်တဲ့ Tool ဖြစ်ပါတယ်။
ဖိုင် Size လေးမကြီးသလို အသုံးပြုရတာလည်း အရမ်းလွယ်ကူစေမှာဖြစ်တဲ့အတွက်
အောက်ပါလင့်တွင် ဒေါင်းလော့ရယူပြီး အသုံးပြုနည်းကိုပါ တွဲတင်ပေးထားပါတယ်၊ ဆက်ပြီးလေ့လာကြည့်လိုက်ပါ။
မှတ်ချက် ။ ။ Flashing process တစ်ခုပြုလုပ်နေတုန်း ဖုန်းက damage ဖြစ်ခဲ့ရင်တော့
ဇူးနစ်(နည်းပညာ) မှတာဝန်ယူ ဖြေရှင်းပေးသွားမှာ မဟုတ်ပါ၊ မိမိ၏ Own risk အပေါ်မတူတည်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို ကြိုတင် Backup ပြုလုပ်ထားပါ။

၂။ ကွန်ပျူတာတွင် universaladbdriver ကိုထည့်သွင်းထားပါ။
၃။ ဖုန်းမှာ ဘက်ထရီအား 50% နှုန်း ရှိနေရပါမည်။
၎။ Smart Phone Upgrade Tool ကိုဒေါင်းလော့ရယူပါ။
၅။ ဖေါ်ပြပါ လမ်းညွှန်အတိုင်း ပြုလုပ်ပါရန်။
Smart Phone Upgrade Tool အသုံးပြုနည်း
========================
၁။ Smart Phone Upgrade Tool ကိုဒေါင်းလော့ရယူလိုက်ပြီး
zip ဖြည်ပြီး ကွန်ပျူတာတွင် အရင် Install ပြုလုပ်ပေးလိုက်ပါ။

၂။ ကွန်ပျူတာတွင် ထည့်သွင်းပြီးရင် အောက်ပါအတိုင်း Tool ဖွင့်လိုက်ပါ။
၃။ မိမိဖုန်းအတွက် သက်ဆိုင်ရာ Stock Rom နှင့် Custom Rom များကိုတော့
ကြိုက်တင်ဒေါင်းလော့ရယူထားပြီး ကွန်ပျူတာရဲ့တစ်နေရာရာမှာ သိမ်းဆည်းထားပါ။
၎။ ဖုန်းကို ပါဝါပိတ်လိုက်ပါ၊ Tool မှ Browse ဆိုတာကိုတစ်ချက်နှိပ်ပြီး ကွန်ပျူတာတွင်
ရှိသည့် Firmware Folder ထဲမှ .xml file ကိုရွေးချယ်ပေးလိုက်ပါ။
၅။ Firmware file က Tool တွင် loading လုပ်နေပါလိမ့်မယ်၊ ဖုန်းကို ကွန်ပျူတာဖြင့်
ချိတ်ဆက်ပေးလိုက်ပါ၊ Tool မှ မိမိဖုန်းကို သိပြီဆိုတာနဲ့ Port နေရာတွင် com နံပါတ်ကို
ပြပေးနေပါလိမ့်မယ်၊ သေချာသွားအောင် Refresh port ကိုထပ်နှိပ်ပေးလိုက်ပါ။
Devices အချင်းချင်း အဆင်ပြေပြီဆိုရင်တော့ Tool မှ Start All ဆိုတာကို နှိပ်လိုက်ပါ။

၆။ Flashing process ပြုလုပ်နေတုန်း အချိန် အနည်းငယ်ကြာမှာပါ၊ အားလုံးပြီးသွားရင်တော့
အောက်ပါပုံအတိုင်း Progress နေရာတွင် 100% နှုန်းပြနေပြီးတော့ Status နေရာတွင်တော့
Download successfully ဆိုပြီး ပြပေးနေပါလိမ့်မယ်၊ သင့်ဖုန်းကို Firmare အောင်မြင်စွာဖြင့်
Flash တစ်ခုပြုလုပ်ပြီးပါပြီ။

အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
Qualcomm ဖုန်းများအတွက် Smart Phone Upgrade Tool နဲ့အသုံးပြုနည်း
Reviewed by ဇူးနစ်
on
7:19 PM
Rating:

No comments: