Top Ad unit 728 × 90

Description of Image

latest News

recent

Android ဖုန်းများတွင် Lockscreen security များကို ADB Command ဖြင့် Bypass ပြုလုပ်နည်း

Android ဖုန်းများတွင် Lockscreen security များကို
ADB Command ဖြင့် Bypass ပြုလုပ်နည်းကို မျှဝေလိုက်ပါတယ်။

Lockscreen security များဆိုရာတွင် Pattern lock, Fingerprint, Password အစရှိတဲ့
Lock များကို ADB Command ဖြင့် Bypass ပြုလုပ်နည်းပဲဖြစ်ပါတယ်။

သိပြီးသားသူတွေအတွက် အခက်ကြီးမဟုတ်ဘူးဆိုပေမယ့်လည်း မသိသေးတဲ့
သူတွေအတွက်တော့ ဒီနည်းလမ်လေးက Lock screen များအတွက် အဆင်ပြေဆုံးပါပဲ။

Lock Screen ထဲတွင် pattern or password များကို အသုံးပြုသူ Users အများစုက
မိမိဖုန်းများတွင် အသုံးပြုလေ့ရှိကြပါတယ်၊ တစ်ခါတလေ ကိုယ်ပေးထားမိတဲ့ Password ကို
မမှတ်မိတော့ပဲ မေ့တတ်မျိုးဖြစ်တတ်ပါတယ်။

တကယ်လို့ မိမိဖုန်း Device တွင် Google Account ကိုသာ set up ပြုလုပ်ထားရင်တော့
PIN များကို အလွယ်တကူ Bypass ပြုလုပ်ဖို့က လွယ်ကူပါတယ်၊ Google Account ကိုလည်း
မမှတ်မိတော့ဘူးဆိုရင်တော့ တစ်ခြားနည်းလမ်းထက် Bypass ပြုလုပ်နည်းကပိုပြီး အဆင်ပြေပါတယ်။

ယခုပိုစ့်တွင် အခုနောက်ပိုင်း Android Device ဗားရှင်း 5.0/5.1 Lollipop များနဲ့
6.0/6.0.1 Marshmallow များအားလုံးကို Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ဖေါ်ပြပါ နည်းလမ်းကတော့ XDA user တစ်ယောက်ဖြစ်တဲ့ Honestly Annoying ရဲ့ ပိုစ့်တစ်ခုကို
အခြေခံပြီး lock screen security များဖြစ်ကြတဲ့ PIN, Password, Pattern or Fingerprint စသည်များကို
Bypass လုပ်နည်းကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
လိုအပ်ချက်
=======
ဖုန်းမှာ USB debugging ကို Enable ပြုလုပ်ထားရပါမည်၊ တကယ်လို့ မပြုလုပ်ထားပဲ
Custom Recovery တွေထဲက TWRP Recovery ထည့်သွင်းထားခြင်းမျိုးရှိနေရင်တော့
ကွန်ပျူတာဖြင့် ADB Command များကို အသုံးပြုနိုင်မှာပါ။

Lock Screen Security များကို Bypass ပြုလုပ်နည်း
============================
၁။ ADB Command များကိုအသုံးပြုနိုင်ရန်အတွက် USB debugging ကို 
enable ပြုလုပ်ထားပါ (သို့) ဖုန်းကို TWRP Recovery Mode သို့ဝင်လိုက်ပါ။

တကယ်လို့ သင့်ဖုန်းတွင် TWRP Recovery ထည်သွင်းချင်တယ်ဆို၇င်တော့
အောက်ပါ Official TWRP လင့်တွင် ဒေါင်းလော့ရယူပြီး ထည့်သွင်းနိုင်ပါတယ်။


၂။ ADB & Fastboot.zip ဖိုင်ကိုဒေါင်းလော့ရယူလိုက်ပါ။

၃။ ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပေးလိုက်ပါ။

၎။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၅။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ Commands များကို
တစ်ကြောင်းချင်းစီရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။

adb devices
adb shell
cd data/system
rm locksettings.db
rm locksettings.db-shm


၆။ Process ပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာရင်တော့ သင့်ဖုန်းတွင် Lock Screen Security မရှိတော့ပါ။





ဇူးနစ်(နည်းပညာ)



Android ဖုန်းများတွင် Lockscreen security များကို ADB Command ဖြင့် Bypass ပြုလုပ်နည်း Reviewed by ဇူးနစ် on 8:19 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.