Top Ad unit 728 × 90

Description of Image

latest News

recent

Huawei Y5 II CUN-L22 ဖုန်းဗားရှင်း 5.1 ကို Bootloader Unlock ပြုလုပ်နည်း

Huawei Y5 II CUN-L22 ဖုန်းဗားရှင်း 5.1 ကို Bootloader Unlock ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက် ၀ယ်လာတဲ့ဖုန်းပါ မြန်မာပြည်ကို လက်ဆောင်ပေးမလိုဆိုပြီး
ဝယ်လာတဲ့အလုံး မြန်မာစာလည်း မမှန်ဘူး လုပ်ပေးပါဦးဆိုလို့ ဖုန်းကို 
Bootloader Unlock ကို အရင်ရှင်းထုတ်လိုက်ခြင်းဖြစ်ပါတယ်။

Custom Recovery ထည့်သွင်နည်း Root လုပ်နည်း မြန်မာစာထည့်သွင်းများကိုတော့ ပိုစ့်တစ်ခုချင်းစီ
ခွဲပြီးတင်ပေးသွားမှာဖြစ်လို့ အခုတော့ Bootloader Unlock ပြုလုပ်နည်းကိုပဲတင်ပေးလိုက်ပါတယ်။

  တစ်ခါတလေ Bootloader Unlock ပြုလုပ်နည်းကို မသိကြသေးတဲ့
လေ့လာခါစညီအကိုတွေ  Bootloader ဆိုတာဘာလဲ ? ဆိုပြီး
ခဏ ခဏ မေးလာကြလို့  Bootloader နဲ့ပတ်သက်ပြီး အကောင်းဆုံး
ရှင်းပြပေးထားတဲ့စာအုပ်ကို တင်ပေးပြီးပါပြီ မရှိသေးရင်အောက်မှာရယူပါ




  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Huawei Y5 II CUN-L22 အတွက် သာသီးသန့်ဖြစ်ပြီးပါတယ်။

#ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

# Bootloader Unlock ပြုလုပ်ရန်အတွက် Instruction အတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

# ဖုန်းတွင် USB Debugging & OEM Unlock ကို Enable ပြုလုပ်ထားပါ။


 How to Bootloader Unlock
===================
ဖုန်းတစ်လုံးရဲ့ Bootloader Unlock ပြုလုပ်နည်းကို နားလည်ခဲ့ရင်ကျန်တဲ့ Huawei ဖုန်းတွေ
အတွက်လည်း လုပ်နည်းလုပ်ဟန်တွေဟာ အတူတူပဲဆိုတာကို သဘောပေါက်စေချင်ပါတယ်။

ဒီ Huawei ဖုန်းတွေအတွက် ဖုန်းတစ်လုံးကို Bootloader Unlock ပြုလုပ်
တော့မယ်ဆိုရင်တော့ အောက်ပါလိုအပ်ချက်များနဲ့ပြည့်စုံနေရပါမယ်


လိုအပ်ချက်များ
=========
ကွန်ပျူတာတွင် Huawei USB Drivers ထည့်သွင်းထားပါ
 
Minimal ADB and Fastboot Tool ကိုကွန်ပျူတာတွင် ထည့်သွင်းထားပါ
 
Huawei Account ID (Official Web တွင် Free account တစ်ခုပြုလုပ်ထားပါ)
 
Unock Code (From Official)

Your Own rick

အထက်ဖေါ်ပြပါလိုအပ်ချက်များနဲ့ ပြည့်စုံခဲ့ရင်တော့ သင်ဆိုင်ရာ မိမိဖုန်းကို
Bootloader Unlock ပြုလုပ်ရန်အတွက် ပြည့်စုံနေပါပြီ၊ ဒီအတွက် ပြုလုပ်နည်းကို
အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ အရင်လည်း တင်ပေးပြီးဖြစ်ပါတယ်။










ကြိုတင်ပြင်ထားရမယ့် အချက်များ
===================
1. Product Type (Smartphone ဟုရွေးချယ်ပေးရမည်)

2. Product model (Phone Models -မိမိဖုန်းအမျိုးအစား)

3. Product Serial number (About phone >>Status >>ကိုနှိပ်သွားလိုက်ပြီး
Serial number နေရာတွင်ရှိသည့် အက္ခရာများနဲ့ နံပါတ်အားလုံး (၁၆) လုံးကို မှတ်သားထားပါ)

ဥပမာ... Serial number ... PNTBBCB690205xxx

4. Product IMEI or MEID 
(နေရာတွင် About phone >> Status >>ကိုနှိပ်သွားလိုက်ပြီး 
IMEI1 တွင်ရှိသည့် နံပါတ်ကို ကြိုတင်မှတ်သားထားပါ)

5. Product ID (ဖုန်းခေါ်သည့် နေရာတွင် *#*#1357946#*#* ကိုရိုက်ထည့်ပြီး
နံပါတ် (၈) လုံးသည် Product ID ဖြစ်ပါတယ် မှတ်သားထားပါ)


Bootloader Unlock Code တောင်းနည်း
========================
ဒီတစ်ခါ အရေးကြီးသည့်အချက်က Bootloader Unlock Code တောင်းနည်းပဲဖြစ်ပါတယ်
Unlock လုပ်နည်းသာ သိထားပေမယ့် Unlock ပြုလုပ်ရန်အတွက် Code တောင်းဆိုမှုနဲ့
သက်ဆိုင်ရာဖုန်းအတွက် ကိုယ်ပိုင် Unlock Code မရှိသေးရင်လည်း Bootloader Unlock ပြုရန်
အဆင်မပြေနိုင်ပါ (Official ကျကျ Unlock Code တောင်းပြီး ပြုလုပ်နည်းကိုဆိုလိုပါတယ်)

Unlock code တောင်းနည်းကို မလေ့လာခင် ကြိုတင်ပြင်ထားရမယ့်
အချက်များဆိုတာကို ပြန်လည်လေ့လာကြည့်လိုက်ပါ၊ အဆိုပါ အချက်မျာသည်
ဒီ Unlock Code တောင်းဆိုရာတွင် ဖြည့်စွက်ပေးရမယ့် information များဖြစ်ပါတယ်။

Unlock Code တောင်းဆိုရန်အတွက် အောက်ပါလင့်ကို ၀င်လိုက်ပါ




 မှတ်ချက်...။ Unlock Code များတောင်ဆိုရန်အတွက် Official web တွင်
Huawei ID account တစ်ခုတော့ လိုအပ်မည်ဖြစ်ပါသည်၊ မရှိသေးရင်
Free register account တစ်ခုအလွယ်ဖွင့်ယူလိုက်ပါ။

Language နေရာတွင် English ကိုရွေးချယ်ပြီး အောက်ပါပုံအတိုင်း
Unlock Bootloader ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ


Unlocking agreement စာမျက်နှာကို ရောက်သွားပါလိမ့်မယ် အောက်သို့ဆင်းသွားလိုက်ပြီး 
I have read and accept all terms above နေရာတွင် အမှန်ခြစ်ပေးပြီး Next ကိုနှိပ်လိုက်ပါ။


 1. Smart phone : ကိုရွေးချယ်ပါ

2. Product Model : နေရာတွင် မိမိဖုန်း Model ကိုထည့်ပါ။

3. Product Serial number : နေရာတွင် (About phone >>Status >>ကိုနှိပ်သွားလိုက်ပြီး
Serial number နေရာတွင်ရှိသည့် အက္ခရာများနဲ့ နံပါတ်အားလုံး (၁၆) လုံးကိုထည့်လိုက်ပါ။

ဥပမာ... Serial number ... PNTBBCB690205xxx

4. Product IMEI or MEID : နေရာတွင် About phone >> 
Status >>ကိုနှိပ်သွားလိုက်ပြီး IMEI1 တွင်ရှိသည့် နံပါတ်ကို ထည့်လိုက်ပါ၊

ဥပမာ... IMEI1 ... 86048303455xxxx စသည် (အနည်းဆုံး ၁၅ လုံး)

5. Product ID : နေရာတွင် (ဖုန်းခေါ်သည့် နေရာတွင် *#*#1357946#*#* ကို
ရိုက်ထည့်ပြီး နံပါတ် (၈) လုံးသည် Product ID ဖြစ်ပါတယ် အဲဒီနံပါတ်ကိုထည့်ပါ။

 6. Verification Code : နေရာမှာတော့ ပေးထားသည့် Code လေးလုံးကို 
မှန်အောင်ထည့်ပေးလိုက်ပါ၊ အေက်ပါပုံကိုလေ့လာကြည့်လိုက်ပါ။

လိုအပ်တဲ့ Information များကိုဖြည့်စွက်ပြီးရင်တော့ Commit ကိုနှိပ်လိုက်ပါ

Commit ပြုလုပ်လိုက်မှု အဆင်ပြေတာနဲ့ Official မှ Unlock Code ကို
အောက်ပါပုံအတိုင်း ချက်ချင်းဆိုသလို ချပေးလာမှာလည်းဖြစ်ပါတယ်။

အဲဒီ Code များကို Copy ကူးပြီး သိမ်းဆည်းထားလိုက်ပါ။


မှတ်ချက်... တစ်ခါတလေ ချက်ချင်းမရနိုင်ပဲ ရက် ကြာနိုင်ပါတယ်။



Bootloader Unlock ပြုလုပ်နည်း
==================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ Minimal ADB and Fastboot Tool ကိုဖွင့်လိုက်ပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

adb devices

၎။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့
 အောက်ပါ Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb reboot bootloader

ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၅။ Devices အချင်းချင်းသိပြီဆိုတာနဲ့အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်လိုက်ပါ။

fastboot oem unlock 26D3B6FC81Dxxxxx
မိမိတောင်းဆိုထားတဲ့ unlock code ကို Copy ကူးယူလိုက်ပြီး 
Paste ဖြင့်ထည့် ပြီးရင် Enter ကိုခေါက်ပါ


 (bootloader) Unlock pass...reboot in 3s

OKAY  [  2. 407s]
Finished. total time: 2.411s


စသည်ဖြင့် မြင်နေရရင်တော့ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ တကယ်လို့ Reboot
မကျသေးရင်တော့ အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။

fastboot reboot


၆။ ဖုန်းပြန်တက်လာတဲ့အခါ New setup တစ်ခုပြုလုပ်ပေးလိုက်ပါ။
သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်း အောင်မြင်ပြီးစီးပါပြီ။
Device သည် Unlocked Device တစ်လုံးဖြစ်နေပါပြီ။


 Unlocked Device ဟုတ်မဟုတ် စစ်ဆေးနည်း
==========================
၁။ Minimal ADB and Fastboot Tool ကိုဖွင့်လိုက်ပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

adb devices

၎။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့
 အောက်ပါ Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

adb reboot bootloader

ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၅။ Devices အချင်းချင်းသိ မသိ အောက်ပါစာကြောင်းရိုက်ထည့် Enter ခေါက်ပါ။

fastboot devices

၆။ Fastboot devices သိပြီးဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ၊ အောက်ပါပုံကို လေ့လာပါ။

fastboot oem get-bootinfo


၇။ (bootloader) unlocked
OKAY [  0. 013s]
Finished.  total time: 0. 014s

စသည်ဖြင့် မြင်နေရရင်တော့ သင့်ဖုန်းက Unlocked Device ဖြစ်နေပါပြီ။

Unlocking Procedure ကို Official အတိုင်း လေ့လာချင်တယ်
ဆိုရင်တော့ အောက်ပါလင့်တွင် လေ့လာကြည့်ရှုနိုင်ပါတယ်




အားလုံးကိုကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)




Huawei Y5 II CUN-L22 ဖုန်းဗားရှင်း 5.1 ကို Bootloader Unlock ပြုလုပ်နည်း Reviewed by ဇူးနစ် on 12:15 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.