Top Ad unit 728 × 90

Description of Image

latest News

recent

Nexus 5X, Nexus 6P and Pixel C ဖုန်းများကို Android 7.1.1 OTA zip တင်နည်း

Nexus 5X, Nexus 6P and Pixel C ဖုန်းများကို Android 7.1.1 OTA zip တင်နည်းကို
Update Users များအတွက် လိုအပ်ရင် အသုံးပြုလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Android 7.1.1 ဗားရှင်းကို OTA zip ဖြင့် ချပေးလာပြီဖြစ်ပါတယ်၊ 
ဒါပေမယ့် ဖုန်းအားလုံးအတွက် မဖြစ်နိုင်သေးပါဘူး Nexus 5X, Nexus 6P နဲ့
Pixel C ဖုန်းများအတွက်သာ support လုပ်ပေးပါသေးတယ်။

Android 7.1.1 OTA zip ဖိုင်ကို ထည့်သွင်းမယ်ဆိုရင်တော့ Stock Recovery & Twrp Recovery များမှ
ထည့်သွင်းရယူနိုင်မှာပဲဖြစ်ပါတယ်၊ ဒေါင်းလော့လင့်များလည်းအဆင်ပြေမယ်လို့ထင်ပါတယ်။

Download Android 7.1.1 OTA zip









Stock recovery မှတင်နည်း
================
၁။ သက်ဆိုင်ရာ ဖုန်းအတွက် OTA update.zip file ကိုေ
ဒါင်းလော့ရယူပြီး ဖုန်း၏ internal storage သို့ကူးထည့်လိုက်ပါ။

၂။ ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery mode တွင် “Apply update” သို့မဟုတ်
 “Apply update from phone storage” ဆိုတာကိုနှိပ်ပါ။

၎။ OTA update.zip ဖိုင်ကိုရွေးချယ်လိုက်ပြီး Flash ပေးပါ။

၅။ Flashing Process ပြီးသွားရင် ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Android 7.1.1 ဖြင့်လန်းနေပါလိမ့်မယ်။



 TWRP recovery မှတင်နည်း
=================
၁။  သက်ဆိုင်ရာ ဖုန်းအတွက် OTA update.zip file ကိုဒေါင်းလော့ရယူပြီး
ဖုန်း၏ internal storage or SD Card သို့ကူးထည့်လိုက်ပါ။

၂။ ဖုန်းကို ပါဝါပိတ်ပြီး TWRP recovery Mode သို့ဝင်လိုက်ပါ။

၃။ TWPR Recovery Mode တွင် Install ကိုတစ်ချက်နှိပ်ပြီး
storage တွင်ရှိသည့် OTA zip file ကိုရွေးချယ်ပေးလိုက်ပါ။

၎။ အသင့်ဖြစ်တာနဲ့ Swipe to Confirm Flash ဆိုပြီး Flash ပေးလိုက်ပါ။

၅။ Flashing Process ပြီးသွားရင် ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Android 7.1.1 ဖြင့်လန်းနေပါလိမ့်မယ်။



Ref-http://androiding.how



ဇူးနစ်(နည်းပညာ)




Nexus 5X, Nexus 6P and Pixel C ဖုန်းများကို Android 7.1.1 OTA zip တင်နည်း Reviewed by ဇူးနစ် on 10:29 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.