Top Ad unit 728 × 90

Description of Image

latest News

recent

Nexus 6P နဲ့ Nexus 5X ဖုန်းမျာ၏ Android 7.1.1 ဗားရှင်းတွင် Encryption ကို Disable ပြုလုပ်နည်း

 Photo Credit: androiding.how

Nexus 6P နဲ့ Nexus 5X ဖုန်းမျာ၏ Android 7.1.1 ဗားရှင်းတွင် Encryption ကို 
 Disable ပြုလုပ်နည်းကို အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် အဆင်ပြေနိုင်မယ့်
နည်းလမ်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Android 7.1.1 ဗားရှင်းများတွင် Root access ရရှိရန်အတွက် ဖုန်းရဲ့
Boot တွင်ပါဝင်နေတဲ့ encryption ကို disable ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။

ဖုန်းကို Root လုပ်ရန်ခက်ခဲနေရင်တော့ boot image ဖိုင်ကို modify ပြုလုပ်ပေးရမှာပါ
Nexus 6P ဖုန်းအတွက် ပြုလုပ်ပြီးသား boot image ကို ဖေါ်ပြနည်းလမ်းအတိုင်း ပြုလုပ်
ပေးလိုက်ရင် Root access ကိုရယူနိုင်ဖို့ အဆင်ပြေသွားပါလိမ့်မယ်။



{Nexus 6P ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
 Nexus 5X: Not yet available ပါပဲခင်ဗျား}



Encrypt Boot .img ကိုထည့်သွင်းနည်း
=======================
၁။ ADB & Fastboot ကိုဒေါင်းလော့ပြီး ကွန်ပျူတာတွင်ထည့်သွင်းထားပါ။

၂။ Modified boot image file ဖိုင်ကို boot.img ဆိုပြီးနာမည်ပြောင်းလိုက်ပါ။

၃။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၎။  ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
 ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

“adb reboot bootloader”

၅။ ဖုန်းမှာ Fastboot mode သို့ရောက်သွားတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု
အဆင်ပြေ မပြေ အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

fastboot devices

၆။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။

fastboot flash boot boot.img

၇။ Modified boot ဖိုင်ကို ထည့်သွင်းခြင်းအောင်မြင်ပြီးတာနဲ့
ဖုန်းကို Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ

“fastboot reboot”

ပြန်တက်လာရင်တော့ Encryption ကို Disable ပြုလုပ်ပြီးပါပြီ။




Ref-http://androiding.how



ဇူးနစ်(နည်းပညာ)



www.zunite.org


Nexus 6P နဲ့ Nexus 5X ဖုန်းမျာ၏ Android 7.1.1 ဗားရှင်းတွင် Encryption ကို Disable ပြုလုပ်နည်း Reviewed by ဇူးနစ် on 9:50 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.