Top Ad unit 728 × 90

Description of Image

latest News

recent

Samsung ဖုန်းများတွင် Firmware ရေးပြီးသည့်အခါ Bootloop ပြသနာဖြေရှင်းနည်း

Samsung ဖုန်းများတွင် Firmware ရေးပြီးသည့်အခါ Bootloop ပြသနာဖြစ်နေခဲ့လျှင်
အလွယ်တကူ ဖြေရှင်းနည်းကို ဖုန်းကလစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Bootloop အကြောင်းကိုပြောမိရင်တော့ ကြုံဖူးကြတဲ့ သူတိုင်း သတိထားမိကြမှာပါ
သူ့ရဲ့သဘောတရား Samsung ဆိုပြီး စာတမ်းပဲ မြင်နေရပြီး ရှေ့ဆက်တက်မလာတော့ပဲ
အချိန်အကြာကြီး ဖြစ်နေတာမျိုးပေါ့

ဘယ်လိုအနေထားမျိုးဖြစ်တတ်လဲဆိုတော့ မိမိဖုန်းရဲ့ မူရင်းပါလာတဲ့ Stock Rom version က
4.4.4, 5.0.2, 5.1.1 ဆိုပြီး ရှိနေတာကို Official မှ ဗားရှင်းအမြင့်ကို OTA Update အနေဖြင့်
တိုက်ရိုက်ချပေး လာတဲ့အခါ ဖုန်းမှာတင် System Update ကနေ Wi-Fi ဖြင့် ဗားရှင်းမြင့်ယူတဲ့အခါမျိုး

(သို့) မိမိဖုန်းအတွက် ဗားရှင်းအမြင့် Firmware ကိုဒေါင်းလော့ပြီး Odin ကနေတင်ယူတဲ့အခါ မျိုးမှာ 
Flashing process တစ်ခုလုံး error ကင်းပြီး odin တွင်လည်း Pass ပြပြီး ဖုန်းမှာ Restart ကျပြီး
Samsung ဆိုပြီး Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေတာမျိုးပါ

တက်လာမလားဆိုပြီး စောင့်တယ်... တစ်နာရီကြာလည်းမထူး Firmware ရေးထာများ
မအောင်ဘူးလားမသိဘူးဆိုပြီး ထပ်ရေးပြန်တော့လည်း မထူးခြားပြန် Odin မှာလည်း
Pass ပြနေတာပဲ ဘာဖြစ်ပါလိမ့်မယ် ဆိုပြီး အုံးစားဖူးတဲ့ သူတွေရှိကြမှာပါ...။

တကယ်လို့ သင့်ဖုန်းက Samsung ဖုန်းအမျိုးအစားဖြစ်နေတယ် မိမိဖုန်းအတွက် ဗားရှင်းအမြင့်ကို
 Official မှတိုက်ရိုက် ချပေးနေတာကို ဖုန်းကနေတိုက်ရိုက် Update တင်လိုက်ပြီး process တစ်ခုလုံး 
အောင်မြင်ပေမယ့်လည်း Samsung ဆိုပြီး Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေခဲ့ရင် 

ဗားရှင်းအမြင့် Firmware ကိုဒေါင်းလော့ပြီး Odin ကနေတင်ယူတဲ့အခါ မျိုးမှာ Flashing process 
တစ်ခုလုံး error ကင်းပြီး odin တွင်လည်း Pass ပြပြီး ဖုန်းမှာ Restart ကျပြီး Samsung ဆိုပြီး 
Bootloop ကနေတက်မလာတော့ပဲ အချိန်အကြာကြီး ဖြစ်နေခဲ့ရင်တော့

သင့်ဖုန်းအတွက် Firmware က Region လည်းမှန်ကန်သလို 
ဗားရှင်းအမြင့် Firmware လည်းမှန်ကန်ပါတယ်။

Firmware ရေးမှာထားလည်းမဟုတ် Soft Brick ဖြစ်တာလည်း
မဟုတ်သလို Hard Brick ဖြစ်တာလည်းမျိုးလည်း မဟုတ်ပါ။


အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူဖြေရှင်းပေးလိုက်ပါ


Bootloop ပြသနာဖြေရှင်းနည်း
===================

၁။ ဖုန်းကို ပါဝါပိတ်လိုက်ပါ၊ သို့မဟုတ် ဘက်ထရီဖြုတ်လို့ရရင်
ဖြုတ်လိုက်ပါ၊ ဖြုတ်မရတဲ့ Series အမျိုးအစားဆိုရင်တော့ မလိုပါ။

၂။ ဖုန်းကို Power + Vol up + Home ကီးများကို 
တွဲနှိပ်ပြီး Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် Wipe Cache partition ကို
ရွေးချယ်ပြီး Clear လုပ်ပေးလိုက်ပါ။

၎။ Wipe Factory Reset partition ကိုလည်းနည်းတူ
Yes delete all .... ဆိုပြီး reset ပြုလုပ်ပေးလိုက်ပါ။

၅။ အားလုံးပြီးသွားရင်တော့ ဖုန်းကို Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို 
Restart ချပေးလိုက်ပါ၊ ဖုန်းမှာ Restart ကျပြီး Samsung ဆိုပြီး ထပ်မြင်နေရပါလိမ့်မယ်၊
အချိန်အနည်းငယ်ကြာအောင်ထားလိုက်ပါ၊ ဖုန်းတွင် Cache များကို Clean လုပ်ပြီးတဲ့အခါ
သင့်ဖုန်းတွင် ပုံမှန်အတိုင်း New setup တစ်ခုကို ပြုလုပ်ပေးနိုင်ပါပြီ။







အားလုံးကိုကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)




Samsung ဖုန်းများတွင် Firmware ရေးပြီးသည့်အခါ Bootloop ပြသနာဖြေရှင်းနည်း Reviewed by ဇူးနစ် on 10:07 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.