Samsung Galaxy Tab A 2016 SM-T580 & SM-T585 ကို Root လုပ်နည်း
Samsung Galaxy Tab A 2016 SM-T580 & SM-T585 ကို
Root လုပ်နည်းကို တောင်းဆိုထားတဲ့ညီအကိုအတွက် တင်ပေးလိုက်ပါတယ်။
Galaxy Tab A 2016 SM-T580 & SM-T585 ကို Root လုပ်မယ်ဆိုရင်တော့
Custom Recovery ထည့်သွင်းပြီး Supersu.zip ဖြင့် Root လုပ်ယူနိုင်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy Tab A 2016 SM-T580 & SM-T585 ဖုန်းအတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window
၂။ TWRP Recovery for Galaxy Tab A 2016 SM-T580 & SM-T585
၃။ Odin Flash Tool for windows
၎။ SuperSu by Chainfire
Samsung Android USB Driver for Windows
Download the latest Odin flashing Tool
TWRP for Samsung Galaxy Tab A 2016 SM-T580 & SM-T585
SuperSU by Chainfire
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ twrp recovery.tar ဖိုင်ကို ဒေါင်းလော့ရယူလိုက်ပါ။
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.tar ဖိုင်ကိုထည့်လိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ဖြုတ်ထားလိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။
၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။
၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်းကတော့ ပုံမှန်အတိုင်းမဟုတ်ပဲ
Format ချပေးရမယ့် နည်းလမ်းရှိနေလို့ အောက်ပါ Youtube လင့်တွင်
အရင်ကျနော်တင်ပေးဖူးတဲ့ Video File မှာလေ့လာကြည့်လိုက်ပါ၊ နည်းလမ်းကတူပါတယ်။
Samsung Galaxy Tab A 2016 SM-T580 & SM-T585 ကို Root လုပ်နည်း
Reviewed by ဇူးနစ်
on
6:28 PM
Rating:

thank a lot
ReplyDeletethank a lot
ReplyDeletethank a lot
ReplyDelete