Top Ad unit 728 × 90

Description of Image

latest News

recent

Android Booting Process (ဖုန်းတစ်လုံးစတင် အလုပ်လုပ်ပုံနှင့် အသေးစိတ်အချက်အလက်များ)

The Android Booting Process

သိုင်းလောကတွင် အထူးသဖြင့် လေ့လာခါစ ညီအကိုတွေ အသိချင်ဆုံး
သူတို့ အမေးများတဲ့ မေးခွန်းတစ်ခုရှိပါတယ် အဲဒါကတော့

Android ဖုန်းတစ်လုံး ဘယ်လိုစတင်အလုပ်လုပ်ဆောင်ပါသလဲ?

မေးသင့်တဲ့ စဉ်းစားသင့်တဲ့ အမေးလေပါ၊

Android ပိုင်းနဲ့ Windows ပိုင်း အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊ sequence ဆိုပြီး အသိများတဲ့
Android Booting process တစ်ခုလုံး၏ အစဉ်အတိုင်း စတင်အလုပ်လုပ်ပုံများကို တကယ်သိထားသင့်ပါတယ်။

ဖေါ်ပြပါ document သည် Android Booting process အတွက် အကောင်းဆုံး မဟုတ်တောင်မှ
ပြီးပြည့်စုံပြီး အသေးစိတ်လေ့လာလို့ ရနိုင်အောင် ရှင်းလင်းရေးသားပေးထားပါတယ်။

 Android Booting Process ပိုင်းတွင် အောက်ပါအတိုင်း 
Process ခုနှစ်ခုပါဝင်နေကြတာလည်းဖြစ်ပါတယ်။


Android Booting Process

    1. Power on and boot rom code execution
    2.The bootloader
    3. The linux kernel
    4. The init process
    5. Zygote and Dalvik
    6. The system server
   7. Boot complete


Android Booting Process

Android device တစ်လုံး Boot တက်တဲ့ဖြစ်စဉ်ကိုပြောတာဖြစ်ပါတယ်။

ဒီ Booting Process အကြောင်းမရှင်းပြခင်မှာ Hardware တွေရဲ့ အခေါ်အဝေါ်များကို 
ကြိုတင်လေ့လာထားသင့်ပါတယ် အဲဒါမှ Booting Process ကိုရှင်းလင်းတဲ့အချိန်မှာ 
တစ်ခုချင်းစီရဲ့ အဓိပါယ်ကို နားလည်လွယ်မှာဖြစ်ပါတယ်။

CPU (Central Processing Unit)

CPU ဆိုတာ Computer မှာပဲဖြစ်ဖြစ်၊ Android ဖုန်းတစ်လုံးမှာပဲဖြစ်ဖြစ် အရေးကြီးဆုံး Hardware အစိတ်အပိုင်းလို့ ပြောလို့ရပါတယ်၊ အတိုချုံ့ပြောရရင်တော့ အဓိကတွက်ချက်ပေးတဲ့ ဦးနှောက်တစ်ခုပေါ့၊ ၎င်းအလုပ်လုပ်နိုင်ဖို့ရန်အတွက် လိုအပ်တဲ့ အချက်အလက်လေးတွေရှိပါသေးတယ်၊ 
အဲဒါတွေကတော့ RAM, ROM တွေပဲဖြစ်ပါတယ်။

RAM (Random Access Memory)

လိုအပ်တဲ့အချက်အလက်များကို RAM ကနေထောက်ပံ့ပေးထားပဲဖြစ်ပါတယ်၊ 
Computer မှာရော့ ဖုန်းတစ်လုံးမှာပါ ပါဝါပွင့်နေတဲ့အချိန်မှာ Data တွေကို 
လက်ခံထားနိုင်တဲ့ Memory ကိုပြောတာလည်းဖြစ်ပါတယ်။

ROM (Read Only Memory)

RAM က ပါဝါပွင့်နေတဲ့အချိန်မှာသာ Data တွေကို လက်ခံထားနိုင်တယ်ဆိုရင်တော့ 
ROM ကတော့သူ့နဲ့ပြောင်းပြန် ဖြစ်ပြီး ပါဝါကိုပိတ်ထားတဲ့အချိန်မှာ OS နဲ့တခြား 
Data တွေကို သိမ်းဆည်းထားပေးတာပဲဖြစ်ပါတယ်။


(မှတ်ချက်) ဖေါ်ပြပါ RAM & ROM အကြောင်းကတော့ အကြမ်းဖျင်းရှင်းပြပေးတာပါ။


1. Power on and boot ROM code execution

Hardware ဖြစ်တဲ့ Power ခလုပ်ကိုစတင်နှိပ်လိုက်တာနဲ့ Boot ROM Code သို့မဟုတ်
Bootloader ကစတင်အလုပ်လုပ်ပါတယ်၊ အဲဒီ Boot ROM Code တွေက CPU ASIC အတွက်
အလွန်သေးငယ်တဲ့ code လေးတွေဖြစ်ပါတယ်။

Boot Rom တွင် Boot Code နှင့် Internal Ram ဆိုပြီး
နှစ်မျိုးပါဝင်နေပါသေးတယ် အောက်ပါအတိုင်း လေ့လာကြည့်ပါ။

(A) Boot Code

Boot ROM Code တွေက asic အပေါ်မှာ system Boot media များကို ရှာဖွေပေးပါတယ်
အဲဒီအတွက်လည်း System register maps များကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။

ASIC

asic ဆိုတာ (application-specific integrated circuit) ကိုပြောတာဖြစ်ပါတယ်၊
သူက Application တွေအတွက် microchip အမျိုးအစားကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။

အဲဒါတွေကပဲ Boot loader ကို စတင်အလုပ်လုပ်စေဖို့ သတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။


(B) Internal Ram

Boot Rom အလုပ်လုပ်ရန်အတွက် boot media sequence လို့ခေါ်တဲ့ boot media အစိတ်
အပိုင်းတွေစတင်လိုက်တာနဲ့ Internal RAM အတွက် Bootloader ကစတင်ပေးတော့ပဲဖြစ်ပါတယ်။


2. The boot loader
Bootloader ဆိုတာ ဖုန်း Device ကိုပါဝါခလုပ်နှိပ်ပြီးလို့ ပထမဆုံး စတင်အလုပ်လုပ်တဲ့
Low-level ပရိုဂရမ်တစ်ခုဖြစ်ပါတယ်၊ ၎င်းရဲ့ အဓိကရည်ရွယ်ချက်က Hardware ပိုင်းကို စတင်ပေးဖို့ပါပဲ။

တစ်နည်းပြောရရင်တော့ Operating System ကိုရှာပြီး စတင်အလုပ်လုပ်စေဖို့ပဲ ဖြစ်ပါတယ်၊
Bootloader စတင်လိုက်တာနဲ့ Boot တက်ဖို့လိုအပ်တဲ့ Hardware တွေကိုစစ်ဆေးပြီးစတင်စေပါတယ်။

ပြီးနောက် Boot Partition ထဲရှိ Kernel ကို RAM ပေါ်ဆွဲတင်လိုက်တာပါ၊ ဒီနေရာမှာ မှတ်သားထားရမှာက 
Bootloader နဲ့ Boot Partition ထဲမှာရှိတဲ့ boot image မတူဘူးဆိုတာပါပဲ၊ ဘာကြောင့်လဲဆိုတော့...

Bootloader က ဖုန်းထုတ်တဲ့ ကုမ္ပဏီက အသေထည့်ပေးလိုက်တဲ့
 သေးငယ်တဲ့ Program တစ်ခုဖြစ်ပါတယ်။

Boot Image ကတော့ ဖုန်းရဲ့ Boot Partition ထဲမှာ ရှိတဲ့ Image ဖိုင်ဖြစ်ပါတယ်၊ Boot Image မှာ Kernel နဲ့ Ramdisk ဆိုပြီး နှစ်ပိုင်းပါဝင်နေပါသေးတယ်၊ Boot Partition ထဲကဖိုင်တွေကို RAM ပေါ်ကိုဝန်တင်ပြီးတာနဲ့ Bootloader ကကျန်တဲ့အလုပ်အားလုံးကို Linux Kernel ကိုတာဝန်လွှဲလိုပါတော့တယ်။


A. ပမဆုံး Boot loader stage က External RAM ကို စတင်စေဖို့ဖြစ်ပါတယ်။
B. External RAM က significant လို့ခေါ်တဲ့ အရေးကြီး Data အချက်အလက်များကို
စတင်ပေးဖို့ပဲဖြစ်ပါတယ်။

C. ဒုတိယ Boot loader stage ကတော့ program ရဲ့အဓိကအစီအစဉ် major ဖြစ်ပြီး
သူအဓိကပါဝင်ပတ်သက်နေမှုကတော့ System File များကို စတင်ပေးဖို့လည်းဖြစ်ပါတယ်။

System File ဆိုရာတွင် Memory, network များဖြစ်ကြပြီး သူတို့၏ အဓိကလုပ်ဆောင်ချက်တွေအနေဖြင့်
Modem CPU နဲ့ low level memory protections ရယ် security options များအတွက်ပဲဖြစ်ပါတယ်။

D. Boot loader က Special tasks လို့ခေါ်တဲ့ လုပ်ငန်းတာဝန်များကို ပြုလုပ်ပြီးတာနဲ့
 Linux kernel အတွက် boot ပိုင်း ဦးဆောင်စေတာပဲဖြစ်ပါတယ်၊ အဲဒါက boot media မှ
တစ်ဆင့် စတင်တာဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချို့သော source တွေက
System configuration အပေါ် တည်မှီနေကြလို့ပဲဖြစ်ပါတယ်။

E. Boot loader ကစတင်လိုက်ပြီးဆိုတာနဲ့ Linux Kernel အတွက် မြန်နှုန်းအားကို ဖြစ်စေပြီး
routine ပိုင်းကို ပုံမှန်အတိုင်း စတင်အလုပ်လုပ်ပါတော့တယ်၊ ကျန်တဲ့အပိုင်းတွေကိုတော့
Kernel ကပဲ တာဝန်ယူ အလုပ်လုပ်သွားတော့တာပဲဖြစ်ပါတယ်။


3. The Linux kernel
Android ရဲ့အလုပ်လုပ်ပုံက Linux Kernel နဲ့တူညီကြပါတယ်၊ Linux Kernel က Android Operating System ရဲ့ အသည်းနှလုံးလို့ပြောရင်လည်း ရပါတယ်၊ Linux Kernel က အရေးကြီးတဲ့ Hardware နဲ့ အနီးကပ်ဆုံးအပိုင်းဖြစ်ပြီး Device Driver တွေရှိတဲ့ အပိုင်းလည်းဖြစ်ပါတယ်။

သူအဓိက ထောက်ပံ့ပေးနေတာကတော့ basic system ပိုင်းရဲ့ Function များနဲ့ အခြားသော
Process Management, Memory Management, device management ပိုင်းတွေပဲဖြစ်ပါတယ်။

 နောက်တစ်မျိုးပြောနိုင်တာက Linux Kernel က Android ဖုန်းတစ်လုံးတွင် ပါဝင်နေသည့်
Hardware ပိုင်းနဲ့ software layers တွေကို ချိတ်ဆက်ပေးပြီး အလုပ်လုပ်စေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ဥပမာ...။ Driver Software ဆိုပါတော့ အဲဒီ Software က Hardware ချိတ်ဆက်မှုကို သိရှိနိုင်အောင်
ပြုလုပ်ပေးတဲ့ Software မျိုးကိုပြောတာပဲဖြစ်ပါတယ်၊ ပြီးတော့ camera, keypad, display အစရှိတဲ့
components များကို ထပ်ဆင်ထားသော်ငြားလည်း သူတို့ရဲ့ သက်ဆိုင်ရာ Driver Software များသာ
မရှိပါက System ပိုင်းက Camera, keypad, display စတာတွေကို ချိတ်ဆက်မှု ပေးစွမ်းနိုင်လိမ့်မယ်မဟုတ်ပါ။
A. Memory management units နဲ့ caches များကို စတင်လိုက်တာနဲ့ system ပိုင်းက
Virtual memory များကို အသုံးပြုနိုင်ရန်နဲ့ User space process များကို အလုပ်လုပ်စေတာပဲဖြစ်ပါတယ်။

B. Kernel က Root File system ပိုင်းအတွက် init process ကို အလုပ်ပေးပါတယ်၊ သူ့ကို 
system/core/init ဆိုပြီး open source သုံးခုအနေဖြင့် တွေ့ရှိနိုင်ပါတယ်၊ သူ့ရဲ့လုပ်ဆောင်ချက်က
 user space process ဖြစ်ပါတယ်။

4. The init process
init process ဆိုတာ gradmother လို့ခေါ်ဆိုနိုင်ပါတယ်၊ သူရဲ့သဘောတရားက
system process အားလုံးကို ထိမ်းချုပ်ပေးထားတဲ့ နေရာလည်းဖြစ်ပါတယ်။

သူ့အထဲပါဝင်နေတဲ့ ဘယ် Process ပဲဖြစ်ဖြစ် စတင်အလုပ်လုပ်တော့မယ်ဆိုရင်တော့
init process မှတစ်ဆင့် အလုပ်လုပ်နေကြတာပဲဖြစ်ပါတယ်။

init process ရဲ့ အဓိကလုပ်ဆောင်ချက် နှစ်ခုရှိပါတယ်၊ အောက်ပါအတိုင်း

     1- Mounts directories များကိုအလုပ်လုပ်ပါတယ် 
ဥပမာ- /sys , /dev    or /proc စသည်။

     2- init.rc script ကိုအလုပ်လုပ်စေပါတယ်။

     A. init process ကို <android source>/system/core/init ဆိုပြီးတွေ့နိုင်ပါတယ်။

    B. Init.rc file ကိုလည်း <android source>/system/core/rootdir/ ဆိုပြီးတွေ့နိုင်ပါတယ်။


INIT (Initialization Process) ၎င်း Devices ပေါ်မှာလုပ်နေတဲ့ အလုပ်တွေ
အားလုံးအတွက် အဓိကကျပါတယ်၊ သူကပဲ ကျန်တဲ့လုပ်ငန်းစဉ်တွေကို စတင်ပေးတာပါ။

ဥပမာ- Application Process ကိုဖြစ်ပေါ်စေတဲ့ Dalvik Virtual Machine
အလုပ်လို့ဖို စတင်စေတာမျိုးကို ဖြစ်ပါတယ်။


5. Zygote and Dalvik
zygote ဆိုတာ init process များဖြင့် Intialize Dalvik VM ကို အလုပ်လုပ်တဲ့အပိုင်းပဲဖြစ်ပါတယ်။

Java မှာတော့ zygote ဆိုတာ Virtual Machine instance ဆိုပြီးလူသိများကြပြီး per app များကို
အလုပ်လုပ်စေနိုင်တဲ့ အပိုင်းဖြစ်ပါတယ်၊ Android ဘက်မှာတော့ VM က app များအတွက် မြန်သထက်
မြန်နိုင်အောင် Run ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်။

သူ့ရဲ့ ပြသနာတစ်ခုက Dalvik (VM) များအလုပ်လုပ်နေတဲ့အချိန်မှာ မိမိဖုန်းမှာပါဝင်နေတဲ့
several apps များက ဘာဖြစ်နေကြမှန်းမကို မသိနိုင်တာကြောင့် Memory များကို ပျက်စီးနိုင်ပါတယ်။

အဲဒီပြသနာကိုဖြေရှင်းနိုင်ဖို့ရန်အတွက် Android OS တွင် Zygote လို့ခေါ်တဲ့ System တစ်ခုကို
ထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်၊ နားလည်အောင်ပြောရရင်တော့ VM ပိုင်းကိုထိမ်းသိမ်း
ပေးဖို့ System ပိုင်းတွင် Zygote ကိုတပ်ဆင်ပေးထားတာလို့ မှတ်ယူနိုင်ပါတယ်။

Zygote က Dalvik VM အတွက် Code တွေကို အလုပ်ပေးတာဖြစ်ပြီး
System boot စတင်အလုပ်လုပ်နိုင်ရန် အတွက် Virtual machine process
အနေဖြင့် အဓိကလုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

The Zygote loading process

Zygote ရဲ့အဓိကလုပ်ဆောင်ပေးနေတဲ့ Process က လေးခုရှိပါတယ်၊ အဲဒါကိုပဲ core library classes
ဆိုပြီး သုံးနှုန်းထားကြတာပါ၊ အဲဒီ loading process များကို အောက်ပါအတိုင်းမှတ်သားနိုင်ပါတယ်။

1. Zygote Init class ကိုစတင်အလုပ်လုပ်ပေးပြီး သူ့ရဲ့လုပ်ဆောင်ချက်က
 အောက်ပါ အတိုင်းပဲဖြစ်ပါတယ်။

<android source>/frameworks/base/core/java/com/android/internal/os/ZygoteInit.java

2. ZygoteSocket တွေကို register လုပ်ပေးခြင်း

server socket တွေနဲ့ zygote command connections များကို
register လုပ်ပေးခြင်း အပိုင်းကိုလည်း လုပ်ဆောင်ပေးပါတယ်။

3. text file များကို ထိမ်းသိမ်းပေးခြင်း

သုံးခုမြောက်ကို preloadClasses ဆိုပြီး သုံးနှုန်းထားပါတယ်၊ သူက ရိုးရိုး Text file တစ်ခုပဲဖြစ်ပါတယ်
အဲဒီ text file ထဲမှာတောင် classes အစုအဖွဲ့များပါဝင်နေပါသေးတယ်၊ အဲဒါတွေကို ထိမ်းသိမ်းပါတယ်။

သူ့ရဲ့ Source ကတော့ အောက်ပါတိုင်းဖြစ်ပါတယ်။

 <android source>/framework/base

4. Resources များကိုလည်းထိမ်းသိမ်းပေးခြင်း

Resources များတွင် android.R file များပါဝင်နေပါတယ်၊ သူရဲ့အလုပ်က
themes နဲ့ layouts များကို ထိမ်းသိမ်းပေးထားတာပဲဖြစ်ပါတယ်။


6. The system server
system server ဆိုတာ java ၏ componet တစ်ခုဖြစ်ပြီး System များကို run ပေးစေဖို့ဖြစ်ပါတယ်။
အဲဒီ System server ကပဲ android services များကို စတင်အလုပ်လုပ်ပေးတာပဲဖြစ်ပါတယ်။

ဘာတွေ စတင်အလုပ်လုပ်ပေးသလဲဆိုတော့ telephony manager နဲ့ bluetooth များပဲဖြစ်ပါတယ်။
အဲဒီ android services များသည် system server တွင်တိုက်ရိုက်အလုပ်လုပ်နေကြတာလည်းဖြစ်ပါတယ်။

ဒီ System server sources များကို Open source တစ်ခုအနေဖြင့် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်

frameworks/base/services/java/com/android/server/SystemServer.java


System server sources
 =================
     Starting power manager
    Creating the Activity Manager
    Starting telephony registry
    Starting package manager
    Set activity manager service as system process
    Starting context manager
    Starting system contact providers
    Starting battery service
    Starting alarm manager
    Starting sensor service
    Starting window manager
    Starting Bluetooth service
    Starting mount service


 Other services
==========
    Starting status bar service
    Starting hardware service
    Starting NetStat service
    Starting connectivity service
    Starting Notification Manager
    Starting DeviceStorageMonitor service
    Starting Location Manager
    Starting Search Service
    Starting Clipboard Service
    Starting checkin service
    Starting Wallpaper service
    Starting Audio Service
    Starting HeadsetObserver
    Starting AdbSettingsObserver


 7. Boot complete (1)
System Server ကစတင်အလုပ်လုပ်ပြီဆိုတာနဲ့ System boot အတွက် ပြည့်စုံတဲ့
အနေအထားတစ်ခုကို ရောက်နေပါပြီ၊ အဲဒါကိုပဲ standard broadcast ဆိုပြီး မှတ်သား
ကြသလို Action_boot_Completed ဆိုပြီးလည်း ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

ဖေါ်ပြပါ Process ပေါင်း ခုနှစ်ခုက ကိုယ်ပိုင်လုပ်ဆောင်ချက်များကို error ကင်းကင်းဖြင့်
လုပ်ဆောင်နေမှုတစ်ခုကိုပဲ Android Booting Process ဆိုပြီး (သို့) ဖုန်းတစ်လုံးစတင်
အသုံးပြုနိုင်ဖို့ရအတွက် Step ခုနှစ်ကို စတင်ပြီးမှ ဖြစ်ပေါ်လာပြီး တစ်ခုချင်းစီက သူတို့ရဲ့
Functions များကို မူမတူညီကြပဲ ကွဲပြားခြားနားစွာဖြင့် အလုပ်လုပ်နေကြတာပဲဖြစ်ပါတယ်။


ADB Command ဖြင့် စစ်ဆေးကြည့်နည်း
=======================
ဖေါ်ပြပါ Boot process များကို adb command များဖြင့် စစ်ဆေးကြည့်နိုင်ပါတယ် အဲဒါကိုပဲ
logcat စနစ်လို့ အကြမ်းဖျင်းမှတ်သားထားနိုင်ပါတယ်၊ အောက်ပါအတိုင်းစမ်းသပ်နိုင်ပါတယ်။

‘adb logcat –d –b events | grep “boot”

‘adb logcat –d | grep preload’



  7. Boot complete (2)


Boot complete ပိုင်းတွင် နှစ်ခုဖေါ်ပြပေးလိုက်ပါတယ်၊ ပိုပြီးပြည့်စုံသွားအောင်
နားလည်လွယ်အောင်လို့ ထည့်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။

သူ့အတွက် ရှင်းလင်းချက်တော့ မတွေ့မိတော့ဘူး ဒါပေမယ့် ဖုန်းတစ်လုံးစတင် အလုပ်လုပ်ပုံနှင့်
အသေးစိတ်အချက်အလက်များကို အကျဉ်းချုံပြီး မှတ်သားမယ်ဆိုရင်တော့ အောက်ပုံနဲ့ step များ
အတိုင်း အလွယ်တကူ မှတ်သားထားနိုင်ပါတယ်။

Android Booting Process

=================
1. Power on and boot rom code execution
2. The bootloader
3. The linux kernel
4. The init process
5. Zygote and Dalvik
6. The system server
7. Boot complete


Android ဖုန်းတစ်လုံး အလုပ်လုပ်နေပုံ
=====================
၁။ ပါဝါခလုပ်ကိုစတင်ခြင်း

၂။ Bootloader စတင်အလုပ်လုပ်ပါတယ်

၃။ Bootloader ပြီးမှ Linux Kernel စတင်အလုပ်လုပ်ပါတယ်

၎။ Bootloader & Linux Kernel များ ပြီးမှ
Init process များစတင်အလုပ်လုပ်ပါတယ်။

၅။ Step 4 မှ process များပြီးမှ Zygote နဲ့ Dalvik များ အလုပ်လုပ်ပါတယ်။

၆။ အဆိုပါ Step 1 - 5 များပြီးမှ System server အလုပ်လုပ်ပါတယ်။

၇။ နောက်ဆုံးတော့ step 1-6 step process များ အောင်မြင်စွာဖြင့်
အလုပ်လုပ်ပေးနေပါမှ ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

အထက်ဖေါ်ပြပါ step process များတစ်ခုချင်းစီက သက်ဆိုင်ရာ အပိုင်းကဏ္ဍများအလိုက်
အလုပ်လုပ်မှု အဆင်ပြေခဲ့မှသာလျှင် Android ဖုန်းတစ်လုံးက ပုံမှန်အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။


Booting Process မှာအဓိက သိမှတ်ထားရန်
===========================
Booting Process မှာ အဓိကအကျဆုံးကတော့ Bootloader ပါပဲ၊
ဒီ Bootloader ဟာ ကျွန်တော်တို့ Firmware ထဲမှာမပါပါဘူး။

သူပျက်သွားပြီဆိုရင်တော့ ဖုန်းလောက အခေါ်အဝေါ်အရ
Dead Boot ဖြစ်တယ်လို့ပြောဆိုကြပါတယ်။

ဒီအဆင့်မှာ များသောအားဖြင့် Hardware ပါကူပြီးပြင်မှရနိုင်ပါတယ်၊
ဒုတိယအဆင့်ဖြစ်တဲ့ Boot Partition ထဲရှိ Kernel Error ဖြစ်ရင်တော့
Display မရတော့ခြင်း၊ Camera မရတော့ဖြင်း၊ Wi-Fi, Touch စတဲ့
Error များဖြစ်နိုင်ပါတယ်။

Bootloader က Boot File ကို Loading (၀န်တင်ပေး) တဲ့
Program တစ်ခုပဲဖြစ်ပါတယ်၊ သူ့ကို Boot နဲ့သွားမရောမိပါစေနဲ့။



 E အားကောင်းတဲ့ ဘော်ဒါတွေကတော့ မူရင်းပိုစ့်တွင်ဝင်ဖတ်ပေးကြပါခင်ဗျား
ကျနော်တော့ ခေါင်းကိုက်သွားသလိုပဲ အဟီး...


အမှားပါရင် နားလည်းပေးကြပါခင်ဗျား


အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်



 Android ဖုန်းတစ်လုံးတွင် ပါဝင်နေသည့်အစိတ်အပိုင်းများ (Android Architecture)





Ref- http://mutsughost1.github.io


www.androidenea.com


https://community.nxp.com


Android System (Sithu Paing)





ဇူးနစ်(နည်းပညာ)


www.zunite.org


Android Booting Process (ဖုန်းတစ်လုံးစတင် အလုပ်လုပ်ပုံနှင့် အသေးစိတ်အချက်အလက်များ) Reviewed by ဇူးနစ် on 11:48 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.