Blu R1 HD ဖုန်းဗားရှင်း 6.0 Marshmallow Root လုပ်နည်း
အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။
Root လုပ်မယ်ဆိုရင်တော့ Bootloader unlock & Custom Recovery များထည့်သွင်းရပါမည်၊
ပြီးရင် Supersu ဖြင့် Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Blu R1 HD အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
=====
#ဖေါ်ပြပါ နည်းလမ်းသည် Blu R1 HD အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
၂။ ADB and fastboot driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
=========
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။
၂။ ADB and fastboot driver ကို
ကွန်ပျူတာတွင် Install ပြုလုပ်ထားရပါမည်။
၃။ TWRP Recovery for Blu R1 HD
၎။ SuperSu.zip for Blu R1 HD
Blu R1 HD ဖုန်းကို Bootloader Unlock ပြုလုပ်နည်း
ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
TWRP Recovery for Blu R1 HD 6.0 Marshmallow
Download SuperSU v2.78 (latest)
Blu R1 HD ဖုန်းကို TWRP recovery ထည့်နည်း
============================
၁။ ADB & Fastboot.zip ကိုဒေါင်းလော့ရယူလိုက်ပြီး
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ TWRP Recovery File ကိုဒေါင်းလော့ရယူလိုက်ပြီး
နာမည်ပြောင်း ADB & Fastboot Folder မှာထည့်ထားပါ။
၃။ ကွန်ပျူတာတွင်လိုအပ်မယ့် Driver ကိုသေချာအောင်လုပ်ပါ။
၎။ ADB & Fastboot Folder ကိုဖွင့်လိုက်ပါ(အောက်ပါပုံအတိုင်း)

၅။ Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
၆။ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်မှု အဆင်ပြေ မပြေ အောက်ပါ
Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။
Command ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။
adb devices
၇။ Devices အချင်းချင်းသိပြီဆိုတာနဲ့ အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး ဖုန်းကို Bootloader Mode သို့ဝင်လိုက်ပါ။
adb reboot bootloader
၈။ ဖုန်းမှာ Bootloader Mode သို့ရောက်သွားတဲ့အခါ
Fastboot Devices ချိတ်ဆက်မှု အဆင်ပြေ မပြေ အောက်ပါ
Command ကိုရိုက်ထည့်ပြီး စမ်းကြည့်လိုက်ပါ။
Fastboot devices
၉။ အောက်ပါပုံအတိုင်း ချိတ်ဆက်မှု အဆင်ပြေကြောင်း
တွေ့နေရရင်တော့ Fastboot Devices သိနေပါပြီ။
မှတ်ချက်...။ Fastboot Devices မသိသေးကြောင်း Error တက်နေခဲ့ရင်တော့
ကွန်ပျူတာတွင် ADB Driver များကို ပြန်လည် Install ပြုလုပ်ပေးလိုက်ပါ။
တွေ့နေရရင်တော့ Fastboot Devices သိနေပါပြီ။
ကွန်ပျူတာတွင် ADB Driver များကို ပြန်လည် Install ပြုလုပ်ပေးလိုက်ပါ။
၁၀။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot flash recovery recovery.img
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot flash recovery recovery.img
၁၁။ ဖုန်းကို TWRP recovery ထည့်သွင်းခြင်းအောင်မြင်ကြောင်း
အထက်ပါပုံအတိုင်း ပြနေခဲ့ရင်တော့ အဆင်ပြေပါပြီ။
၁၂။ ဖုန်းကို Recovery Mode သို့ ဝင်ကြည့်လိုက်ပါ၊ ဒီအတွက်
အောက်ပါ command ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။
အထက်ပါပုံအတိုင်း ပြနေခဲ့ရင်တော့ အဆင်ပြေပါပြီ။
အောက်ပါ command ကို ရိုက်ထည့်ပြီး ၀င်ကြည့်လိုက်ပါ။
fastboot boot recovery.img
၁၂။ သို့တည်းမဟုတ် Hard ware Button များကို အသုံးပြုပြီး ပုံမှန်အတိုင်း
“Volume down + Power” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။
“Volume down + Power” များကို တွဲနှိပ်ပြီးတော့လည်း ၀င်နိုင်ပါတယ်။
၁၃။ သင့်ဖုန်းမှာ TWRP Recovery ဖြင့်မြင်နေရရင်တော့
ဖုန်းကို Custom Recovery ထည့်သွင်းခြင်းအောင်မြင်ပါပြီ။
၁၄။ တကယ်လို့ ဖုန်းကို Recovery Mode သို့ဝင်ချင်တယ်ဆိုရင်တော့
အောက်ပါ စာကြောင်းကိုရိုက်ထည့်ပြီး ၀င်ကြည့်နိုင်ပါတယ်။
adb reboot recovery
၁၅။ ဖုန်းကို Reboot ချရန်အတွက် အောက်ပါစာကြောင်းကို
ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။
fastboot reboot
ဖုန်းမှာ Auto Reboot ကျသွားပါလိမ့်မယ်။

SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။
၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။
(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)
၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။
၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

ဇူးနစ်(နည်းပညာ)
Blu R1 HD ဖုန်းဗားရှင်း 6.0 Marshmallow Root လုပ်နည်း
Reviewed by ဇူးနစ်
on
11:07 AM
Rating:

No comments: