Command Prompt မှာ Copy Paste ရအောင်လုပ်နည်း
Windows တွင် Command Prompt ၌ Ctrl+C/ Ctrl+V ပြုလုပ်နိုင်ဖို့
နည်းလမ်းကောင်းလေးတစ်ခုကို လေ့လာလိုက်စားနေကြတဲ့ ညီအကိုတွေအတွက်ပါ။
ကွန်ပျူတာ အသုံးပြုတဲ့ သူတိုင်း သတိထားမိကြမှာပါ Windows စနစ်တွင် ပါဝင်သည့်
Command Prompt တွင် လိုရာစာကြောင်းများ တိုက်ရိုက် Ctrl+C/ Ctrl+V မရနိုင်တာကိုပေါ့

လူတိုင်းက အခက်ဆိုတာကို သိပ်မလိုချင်ကြဘူး လွယ်ကူတာကိုပဲ သဘောတွေ့ကြတာဆိုတော့
အဲဒီ Command Prompt တွင် Ctrl+C/ Ctrl+V လုပ်ယူနိုင်မယ့် နည်းလမ်းကို ညွှန်ပေးလိုက်ပါတယ်။
ကွန်ပျူတာ အသုံးပြုသူတိုင်း အမြဲတမ်းပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်
၁။ CMD မှာ Copy & Paste ရဖို့ ဘယ်လိုလုပ်ရမလဲ?
၂။ Copy & Paste ရဖို့ Command prompt မှာ ဘယ်လုပ်လုပ်မလဲ?
၃။ CMD မှာ Ctrl+C/ Ctrl+V စနစ်က အလုပ်ကိုမလုပ်တာ

အမေးရှိခဲ့ရင် အဖြေကတော့ ရှိကြမှာပါ အခုကျနော် မျှဝေပေးလိုက်တဲ့ နည်းလမ်းကတော့
command prompt မှ ပါဝင်လာတဲ့ Copy & Paste Feature ကို အလွယ်တကူ ပြုလုပ်လို့ရအောင်
ဖေါ်ပြပေးလိုက်ပါတယ်၊ စကားမစပ် အခုလက်ရှိ ကျနော် အသုံးပြုနေတာ Windows 10 နော်...။
command prompt မှ ပါဝင်လာတဲ့ Copy & Paste Feature ကို အလွယ်တကူ ပြုလုပ်လို့ရအောင်
ဖေါ်ပြပေးလိုက်ပါတယ်၊ စကားမစပ် အခုလက်ရှိ ကျနော် အသုံးပြုနေတာ Windows 10 နော်...။
Command Prompt မှာ Copy Paste ရအောင်လုပ်နည်း
==================================
Windows search တွင် CMD ဆိုပြီး ရိုက်ထည့်ပါ၊ ပြီးရင် Right-click တစ်ချက်
ထောက်ပြီး command prompt ကို Run as admimistrator ဖြင့်ဖွင့်လိုက်ပါ။

ပွင့်လာတဲ့ Command prompt ရဲ့ အထက် ဘားပေါ်တွင် Right-click တစ်ချက်ထောက်ပြီး
Properties ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ၊ အောက်ပါပုံအတိုင်း ဖြစ်ပါတယ်။

Properties Menu ပွင့်လာတဲ့အခါ အနီမြှားဖြင့် ပြထားသည့် နေရာတွင်
‘Enable Ctrl key shortcuts’ နေရာကို အမှန်ခြစ်ပေးလိုက်ပြီး OK ကိုနှိပ်လိုက်ပါ။

ပြီးပါပြီ သင့်ကွန်ပျူတာတွင် command prompt အတွက် Ctrl Key shortcuts များ
အလုပ်လုပ်နေပြီဖြစ်လို့ Command Prompt တွင် Ctrl+C/ Ctrl+V အသုံးပြုလို့ရပါပြီ။

Ref-www.geekgyan.com
ဇူးနစ်(နည်းပညာ)
Command Prompt မှာ Copy Paste ရအောင်လုပ်နည်း
Reviewed by ဇူးနစ်
on
4:00 PM
Rating:

No comments: