Top Ad unit 728 × 90

Description of Image

latest News

recent

Google Pixel နဲ့ Pixel XL ဖုန်းများ ဗားရှင်း Android 7.1 ကို Chainfire ၏ SuperSU ဖြင့် Root လုပ်နည်း

Google Pixel XL ဖုန်းအတွက် ဗားရှင်း Android 7.1 ကို  Chainfire ၏ SuperSU ဖြင့် Root လုပ်နည်းကို
Auto Root များကိုထုတ်ပေးနေတဲ့ Chainfire ၏ပိုစ့်ကို ကိုးကားပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အောက်တိုဘာလ ၅ ရက်လောက်က စတင်ထွက်ရှိလာတဲ့ ဒီ Google ဖုန်းတွေဟာ ဗားရှင်း Android 7.1 ဖြင့် တာထွက်လာတာပဲဖြစ်ပါတယ်၊ Root access ရရှိရန်ကြိုးစားနေကြတဲ့သူတွေအတွက် ရရှိနိုင်မယ့် နည်းလမ်း ပေါင်းမျိုးစုံကို စမ်းသပ်နေကြတာလည်းဖြစ်ပါတယ်၊ အချို့သော သူတွေက Bootloader Unlock ပြုလုပ်တယ် ပြီးတော့မှ Recovery.img ဖိုင်ကိုထည့်သွင်းတယ်၊ ပြီးတော့မှ Supersu.zip စသည်ဖြင့် Root လုပ်ယူနိုင်ကြတယ်။

Chainfire ကတော့ သူ့မူအတိုင်းပဲ Auto-Root ဖိုင်ကိုပဲ စမ်းသပ်အသုံးပြုနိုင်အောင် ထုတ်ပေးလာခဲ့ပါပြီ
Samsung Devices လိုတော့ Root လုပ်နည်း မတူကြပါဘူး ဒီဖုန်းမျိုးကို Chainfire ရဲ့ Auto Root ဖိုင့်ဖြင့်
Root လုပ်မယ်ဆိုရင်တော့ ပထမဆုံး Bootloader Unlock ပြုလုပ်ထားရပါမယ်၊ ပြီးတော့မှ ဖုန်းကို
Fastboot Mode သို့ ၀င်ပြီး ADB Commands များဖြင့် နာမည်ကြီး Google Google Pixel နဲ့ 
Pixel XL ဖုန်းများကို Root access ရရှိနိုင်မှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ကွန်ပျူတာတွင် Google USB Driver ကိုထည့်သွင်းထားပါ
၂။ ADB & Fastboot zip ဖိုင်နဲ့ Driver ကို လိုအပ်ရင်ထည့်သွင်းထားပါ
၃။ ဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။
၎။ SuperSU v2.78 SR2 for Pixel and Pixel XL
၅။ Read instruction (လမ်းညွှန်အတိုင်းပြုလုပ်ပါ)











Google Pixel နဲ့ Pixel XL ဖုန်းများ Root လုပ်နည်း
============================
၁။ ADB and Fastboot ကိုဒေါင်းလော့ရယူလိုက်ပြီး zip ဖြည်လိုက်ပါ။

၂။ SuperSU v2.78 SR2 files များကိုဒေါင်းလော့ရယူပြီး Fastboot folder မှာထည့်ပါ။

၃။ Developer options မှ USB debugging & OEM unlock ကို Enable ပြုလုပ်ထားပါ။

၎။ ဖုန်းကို ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။

၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၆။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ Commands များကို
တစ်ကြောင်းချင်းစီရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။

adb reboot bootloader

၇။ ဖုန်းမှာ သူ့အလိုလို bootloader Mode သို့ရောက်သွားပါလိမ့်မယ်။

၈။ ဖုန်းမှာ Bootloader Mode အဆင်ပြေနေပြီဆိုရင်တော့ အောက်ပါ
Commmad ကိုရိုက်ထည့်လိုက်ပြီး Enter ကိုခေါက်လိုက်ပါ။

fastboot boot boot-to-root.img

၉။ ဖုန်းမှာ Flashing process ပြုလုပ်နေတုန်း Reboot နှစ်ကြိမ်လောက်
ကျနိုင်ပါတယ် ဘာမှထပ်လုပ်ပေးစရာမလိုပါ ပြီးဆုံးအောင်စောင့်နေလိုက်ပါ။

၁၀။ အားလုံးပြီးသွားတာနဲ့ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတာနဲ့
သင့်ဖုန်းမှာ Root access ရရှိနေပါပြီ၊ Root checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။


We'd recommend you to read this Google+ post by Chainfire to get more detailed info on this new root.



ဇူးနစ်(နည်းပညာ)




Google Pixel နဲ့ Pixel XL ဖုန်းများ ဗားရှင်း Android 7.1 ကို Chainfire ၏ SuperSU ဖြင့် Root လုပ်နည်း Reviewed by ဇူးနစ် on 3:25 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.