Top Ad unit 728 × 90

Description of Image

latest News

recent

Nexus 6P, 5X, Nexus 6 ဖုန်းများ ဗားရှင်း Android 7.1.1 Dev Preview 2 Root လုပ်နည်း

 Photo Credit: androiding.how

Nexus 6P, 5X, Nexus 6 ဖုန်းများ ဗားရှင်း Android 7.1.1 Dev Preview 2 Root လုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုများအတွက် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Google က Android 7.1.1 developer preview 2 ကို Rolling out စနစ်ဖြင့်
ချပေးထားပြီးဖြစ်ပါတယ်၊ Fastboot ကနေတင်မယ်ဆိုရင်တော့ Factory images ကိုတင်ရမှာပါ

Build No ကတော့ NPF26F ဖြစ်ပါတယ်၊ Android 7.1.1 developer preview 2 က
Nexus devices အတွက် Official မှ တိုက်ရိုက် support ပေးထားတာလည်းဖြစ်ပါတယ်။


Android 7.1.1 dev preview 2 Supported Devices
==============================
Nexus 6P (angler)
Nexus 5X (bullhead)
Nexus 6 (shamu)
Nexus 9 (volantis)
Nexus Player (fugu)
Pixel C (ryu)

ဒီ Android 7.1.1 ဗားရှင်းကို Root လုပ်နည်းက ပုံမှန်အတိုင်း
TWRP Recovery ထည့်သွင်းပြီး Supersu.zip ဖြင့် Flash ပေးယူရမှာပါ။

  
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Nexus 6P, 5X, Nexus 6 အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
၁။ TWRP Recovery ထည့်သွင်းထားရပါမည်။

၂။ SuperSu.zip for Nexus 6P, 5X, Nexus 6



Fastboot ဖြင့် ဖုန်းကို TWRP ထည့်သွင်းနည်း
===========================
 ၁။ TWRP recovery (.img) ဖိုင်ကိုဒေါင်းလော့ ရယူလိုက်ပြီး သက်ဆိုင်ရာဖုန်းအတွက်
TWRP Recovery ထည့်သွင်းနည်းကို အောက်ပါ လင့်အတိုင်းပြုလုပ်ပေးလိုက်ပါ။








  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။




ဇူးနစ်(နည်းပညာ)


www.zunite.org


Nexus 6P, 5X, Nexus 6 ဖုန်းများ ဗားရှင်း Android 7.1.1 Dev Preview 2 Root လုပ်နည်း Reviewed by ဇူးနစ် on 5:36 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.