Samsung Galaxy A9 SM-A9000 ဖုန်းဗားရှင်း 5.1.1 Full Rom (4Files) တင်နည်း
Samsung Galaxy A9 SM-A9000 ဖုန်းဗားရှင်း 5.1.1 Full Rom (4Files)
တင်နည်းကို အလိုရှိနေကြတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Firmware ရေးရာတွင် .tar.md5 ဖြင့် အဆင်မပြေဖြစ်နေခဲ့ရင်တော့
အခုတင်ပေးလိုက်တဲ့ Full Firmware ဖြင့် ရေးကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။
လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။
၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။
၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။
၎။ Samsung Galaxy A9 SM-A9000 တင်နည်း အတွက်သာဖြစ်ပါတယ်။
၅။ ဗားရှင်းကတော့ Android Version 5.1.1 ပဲဖြစ်ပါတယ်။

Download Here Only PIT File For A9 SM-A9000
How to Install Only tar.file Firmware
========================
၁။ ဖုန်းတွင် developer option မှ USB debugging’ နဲ့

‘OEM Unlock’ ကိုအမှန်ခြစ်ပေးထားပါ။
၂။ ဒေါင်းလော့လင့်မှာ Stock Rom Firmware ကိုဒေါင်းလော့ရယူလိုက်ပါ။
၃။ ဒေါင်းလော့ရလာတဲ့ Firmware.zip ဖိုင်ကို ဖြည်လိုက်ပါ။
၎။ Odin ကိုဒေါင်းလော့ရယူပြီး zip ဖြည်ပြီး ဖွင့်လိုက်ပါ။
၅။ ဖုန်းကို ပါဝါပိတ်ပါ၊ ပြီးရင် Vol down + Home + power ကီးများကိုတွဲနှိပ်ပြီး ဖုန်းကို
Download mode သို့ဝင်လိုက်ပါ၊ Warning screen မြင်နေရရင် Volume up နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် ID: COM နေရာမှာ အောက်ပါပုံအတိုင်း Massage Option အောက်တွင်
add massage စသည်ဖြင့် မြင်နေရရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေနေပါပြီ။

၈။ တကယ်လို့ Odin Flash Tool တွင် ID: COM နေရာ၌ အပြာရောင်ဖြင့် မမြင်ရရင်တော့ ဖုန်းနဲ့
ကွန်ပျူတာချိတ်ဆက်မှု USB Driver အဆင်မပြေသေးပါ Driver ကိုပြန်လည် Install ပြုလုပ်ပါ။
၉။ 4Files ပါတဲ့ Firmware ဖြစ်လို့ Bootloader/PDA/Phone/CSC ဆိုတဲ့နေရာမှာ
Firmware Folder ထဲမှ ဖိုင်များကိုသက်ဆိုင်ရာများတွင် ထည့်လိုက်ပါ။

၁၀။ အောက်ပါပုံအတိုင်း “Auto Reboot” နဲ့
“F.Reset Time“ Option နှစ်ခုကို အမှန်ခြစ်ပေထားပါ။
၁၁။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၁၂။ Flashing Process ပြီးတာနဲ့ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

၁၃။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။
အထက်ဖေါ်ပြပါ နည်းလမ်းသည် Samsung Devices များအားလုံးအတွက်

Firmware ရေးသားနည်း အပြည့်အစုံ Complete guide ဖြစ်ပါတယ်။
အဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
အဆင်ပြေကြပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Samsung Galaxy A9 SM-A9000 ဖုန်းဗားရှင်း 5.1.1 Full Rom (4Files) တင်နည်း
Reviewed by ဇူးနစ်
on
2:44 PM
Rating:
No comments: