Samsung Galaxy J3 2016 SM-J320H ဖုန်းကို Root လုပ်နည်း
TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
Samsung Galaxy J3 2016 SM-J320H ဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Custom Recovery ထည့်သွင်းပြီး Supersu.bat ဖြင့် Root လုပ်ယူနိုင်ပါတယ်။
ဒီဖုန်းအတွက်တော့ Custom Recovery ဆိုရင်တွင် ပုံမှန်အတိုင်း Recovery File
တစ်ခုတည်းဖြင့် အဆင်မပြေနိုင်ပါဘူး၊ Boot file ပါ Flash လုပ်ယူမှ အဆင်ပြေမှာပါ
မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Samsung Galaxy J3 2016 SM-J320H ဖုန်းအတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window
၂။ TWRP Recovery for Samsung Galaxy J3 2016 SM-J320H
၃။ Odin Flash Tool for windows
၎။ SuperSu by Chainfire
Samsung Android USB Driver for Windows
Download the latest Odin flashing Tool
Download Here J320H_Root.zip
TWRP Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
၃။ twrp recovery ဖိုင်ကို ဒေါင်းလော့ရယူလိုက်ပါ။
၎။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
(twrp_3.0.2-1_sm-j320h_261016) ဖိုင်ကိုထည့်လိုက်ပါ
BL နေရာကိုတစ်ချက်နှိပ်ပြီး (Sm-j320h_patched_boot_211016) ကိုထည့်ပါ။
၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားလိုက်ပါ။
၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
၉။ ဖုန်းမှာ Recovery Mode သို့ရောက်သွားပါလိမ့်မယ်၊
Advance >>Sideload ကိုတစ်ချက်ချင်းနှိပ်လိုက်ပါ
၁၀။ J320H_Root Folder ထဲမှ SR1-SuperSU-v2.78.bat ဖိုင်ကို Run ပေးလိုက်ပါ
Flashing process ပြီးအောင်စောင့်နေလိုက်ပါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
၁၁။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၁၂။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
မှတ်ချက်...။ အထပ်ပါ နည်းလမ်းသည် New Method ဖြစ်ပါတယ်
Rom မဲ့ Chinese apps များကို Flash လုပ်စရာမလိုပါ
360Root ဖြင့် Root လုပ်နည်း
=================
ယခုနည်းလမ်းကတော့ Old Method ဖြစ်ပါတယ် ROM ကို အရင် Flash လုပ်ပြီးမှ
Factory Reset ပြုလုပ်ရပါမယ်၊ ပြီးတော့မှ 360Root apk ဖြင့် Root ဖောက်နိုင်ပါတယ်။
Dowload Galaxy J3 - SM-J320H Firmware
Download Here 360ROOT.apk
၁။ ဒေါင်းလော့ရလာတဲ့ Firmware Rom ကို Flash ပေးလိုက်ပါ၊
ပြီးရင် ဖုန်းကို Factory Reset တစ်ခုပြုလုပ်ပေးလိုက်ပါ။
၂။ Developer options မှ debuging နဲ့ OEM unlock ကို Enable ပြုလုပ်ပါ။
၃။ ဖုန်းကို Wi-Fi Connection ဖြင့်ချိတ်ဆက်လိုက်ပါ။
၎။ 360ROOT.apk ကို ဖုန်းမှာထည့်သွင်းပြီး ဖွင့်လိုက်ပါ။
၅။ Root ဆိုတာကိုနှိပ်ပေးပြီး စောင့်နေလိုက်ပါ 60 % 80% အရောက်မှာ
ဖုန်းက Reboot ကျပါလိမ့်မယ်၊ ပြီးအောင်စောင့်နေလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
Source Link
ဇူးနစ်(နည်းပညာ)
www.zunite.org

Reviewed by ဇူးနစ်
on
11:19 PM
Rating:

No comments: