Top Ad unit 728 × 90

Description of Image

latest News

recent

Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Bootloader Unlock ပြုလုပ်နည်း

Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Bootloader Unlock ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

ဒီ Sony Devices များကို Root လုပ်မယ်ဆိုရင်တော့ ပထမဆုံး ပြုလုပ်ရမယ့်
Step က Bootloader Unlock ပြုလုပ်ခြင်းပါပဲ၊ ပြီးတော့မှ Custom Recovery ကို
ထည့်သွင်းပြီး Supersu.zip ဖြင့် Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

Bootloader သည် ဖုန်၏ ပမဆုံး Step ဖြစ်တဲ့အတွက် Boot.img ဖိုင်နဲ့
Recovery.img ဖိုင်များကို ထည့်သွင်းဖို့ရန် ပမထဆုံး ပြုလုပ်
ထားရမှာကတော့ ဖုန်းကို Bootloader Unlock ပဲဖြစ်ပါတယ်။


 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Sony Xperia XA Dual F3116 အတွက်
သာသီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Bootloader Unlock လုပ်ခြင်းသည် ဖုန်း၏ warranty ကိုပျက်စေနိုင်ပါတယ်။

#Unlock  ပြုလုပ်ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Data များကို Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။

#ဗားရှင်း Marshmallow 6.0 ဖြစ်ပါတယ်။


 Bootloader Unlock ပြုလုပ်နည်း
==========================
 ဖုန်း Bootloader Unlock ပြုလုပ်တော့မယ်ဆိုရင်တော့ အောက်ပါ
လိုအပ်ချက်များဖြင့် ပြည့်စုံနေသင့်ပါတယ်၊ လေ့လာကြည့်လိုက်ပါ


 လိုအပ်ချက်များ
========
၁။ ADB Fastboot.zip

၂။ ADB Fastboot Driver ထည့်သွင်းထားပါ။

၂။ Gmail တစ်ခု လိုအပ်ပါတယ်။

၃။ Windows PC လိုအပ်ပါတယ်။

၎။ Internet Connection လိုအပ်ပါတယ်။

၅။ ဖုန်းကို ကြိုတင် Backup ပြုလုပ်ထားပါ။


Sony Xperia XA Dual F3116 ဖုန်းကို Bootloader Unlock ပြုလုပ်ရန်အတွက်
Rooting Status နေရာတွင် ခွင့်ပြုချက် ရ မရ အရင်စစ်ဆေးကြည့်လိုက်ပါ။

ဖုန်းခေါ်သည့် နေရာတွင် *#*#7378423#*#* ကိုရိုက်ထည့်ပေးလိုက်ပါ
Service Info >Configuration >Rooting Status> ဆိုပြီး တစ်ချက်ချင်းနှိပ်သွားပါ
Bootloader Unlocke.Yes ဆိုပြီး မြင်နေရရင်တော့ ဖုန်းမှာ Bootloader Unlock
မလုပ်ရသေးပါဘူး ဒီဖုန်းကို Root လုပ်ဖို့ရအတွက် ဒီ Bootloader ကို Unlock ပြုလုပ်
ပေးရမှာပဲဖြစ်ပါတယ်၊ ဒီအတွက် အောက်ပါ လင့်ကို သွားလိုက်ပါ။


Unlock your boot loader


Unlock Code တောင်းနည်း
========================
၁။ Web ရဲ့ အောက်ဆုံးထိ သွားလိုက်ပြီး အောက်ပါပုံအတိုင်း
Sony Xperia XA ဆိုပြီး Device ကိုရွေးချယ်ပေးပြီး Continue ကိုနှိပ်လိုက်ပါ။

၂။ နောက်တစ်ဆင့်ကတော့ Email ကိုထည့်သွင်းပေးရမယ့် စာမျက်နှာဖြစ်ပါတယ်
Email address ဆိုတဲ့နေရာမှာ မိမိအသုံးပြုနေတဲ့ Gmail ကိုထည့်ပေးလိုက်ပါ

၃။ Terms & conditions နေရာနှင့် I'm not a robot ဆိုတဲ့နေရာတွေမှာ
အမှန်ခြစ်ပေးပြီး Submit ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။

နောက်ထပ်စာမျာနှာတစ်ခုတွင် IMEI နံပါတ်ကို ထည့်ပေးခိုင်းတာပဲဖြစ်ပါတယ်

၎။ ဖုန်းတွင် ဖုန်းခေါ်သည့်နေရာတွင် *#06# ကိုရိုက်ထည့်လိုက်ပါ၊ ပေါ်သည့် IMEI နံပါတ်
နှစ်ခုတွင် ပထမဆုံး တစ်ခုရဲ့ IMEI (3581400xxxxxxxx) များကို မှတ်ထားပြီး၊
IMEI Verification စာမျက်နှာတွင် Enter your IMEI ပါသည့် နေရာတွင် ထည့်ပေးလိုက်ပါ။

၅။ Terms & conditions စတဲ့ စာကြောင်း နှစ်ခုတွင် အမှန်ခြစ်ပေးပြီး
  Submit ကိုသာထပ်နှိပ်ပေးလိုက်ပါ။

၆။ အောက်ပါပုံအတိုင်း မြင်နေရရင်တော့ သင့် Gmail သို့
Unlock Code လင့်ကို ပို့ပေးပြီးဖြစ်ကြောင်း ပြပေးနေတာဖြစ်ပါတယ်။

၇။ မိမိ Gmail သို့သွားလိုက်ပါ Sony Official မှ လင့်ပို့ပေးထားပါလိမ့်မယ်
Gmail မှ လင့်ကို တစ်ချက်နှိပ်လိုက်လျှင် အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။

၈။ Click here to proceed ဆိုတဲ့ လင့်ကိုတစ်ချက်နှိပ်လိုက်ပါ

၉။ နောက်ထပ် စာမျက်နှာတစ်ခု ရောက်သွားတဲ့အခါ အောက်ပါပုံအတိုင်း Unlock the boot loader ဆိုပြီး
ထိပ်ဆုံးရဲ့ အောက်တွင် Your unlock code: 8288901xxxxxx စသည်ဖြင့် မြင်နေရတဲ့ နံပါတ်တွေဟာ
မိမိဖုန်းကို Bootloader Unlock ပြုလုပ်ရန်အတွက် ရရှိလာသော Unlock code များဖြစ်ပါတယ်။


၁၀။ Official Web မှ မိမိဖုန်းအတွက် Unlock Code နံပါတ်ကိုတောင်းလိုက်ပြီးရင်တော့
အောက်ပါ process အတိုင်း ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပြီး Unlock ပြုလုပ်ပေးတော့မှာပါ



Unlock ပြုလုပ်နည်း
===============

၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

၂။ ADB & Fastboot.zip ကိုအောက်ပါလင့်တွင် ဒေါင်းလော့ရယူလိုက်ပါ


Download Here ADB & Fastboot Zip


၃။ သို့တည်းမဟုတ် Minimal ADB and Fastboot Tool ကို
 ဒေါင်းလော့ပြီး ကွန်ပျူတာတွင် ထည့်သွင်းလိုက်ပါ


Minimal ADB and Fastboot Tool (all versions) များနဲ့ Install ပြုလုပ်နည်း


၎။ ကျနော်ကတော့ ADB & Fastboot.zip ကို
 ဒေါင်းလော့ပြီး ADB Folder ဖြင့်အသုံးပြုပါတယ်။

၅။ ဖုန်းကို ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ၊

၆။ zip ဖြည်ထားတဲ့ ADB & Fastboot Folder ဖွင့်လိုက်ပြီး
ကွန်ပျူတာမှ Shift key ကိုနှိပ်ထားပြီး right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။


adb devices

၈။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု Device သိပြီဆိုတာနဲ့
ဖုန်းကို Fastboot Mode သို့ဝင်ရန် အောက်ပါ Commands ရိုက်ထည့်ပါ။


adb reboot bootloader



၈။ ဖုန်းက Reboot ကျပြီး Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၉။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အဆင်ပြေမပြေ
စမ်းကြည့်ရန်အတွက် အောက်ပါ Commands ကိုရိုက်ထည့်ပါ။


fastboot devices



၁၀။ Fastboot Device အချင်းချင်း အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။


 fastboot -i 0x0fce oem unlock 0x (Unlock Code)


Unlock Code ဆိုသည့် နေရာတွင် မိမိ ဖုန်းအတွက်
ပေးထားသည့် Unlock Code များဖြစ်ပါသည်။


ဥပမာ...။ fastboot -i 0x0fce oem unlock 0xDA9B196FA1xxxxxx


 မှတ်ချက်...။ Command Box တွင်စာရိုက်ရတာ အဆင်မပြေရင်တော့ Official ၏
မူရင်းစာမျက်နှာတွင် ဖေါ်ပြပေးထားပါတယ်၊ Copy ကူးထည့်ရုံပါပဲ။

၁၁။ အထက်ပါပုံအတိုင်း OKAY & Finished ဆိုပြီးမြင်နေရရင်တော့
 သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်း အောင်မြင်ပြီးဆုံးပါပြီ။

၁၂။ ဖုန်းကို Reboot ချပေးရမှာ ဖြစ်တဲ့အတွက် အထက်ပါပုံအတိုင်း
စာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။


fastboot reboot


၁၃။ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ ဖုန်းပါဝါပွင့်ပြီးတက်လာခဲ့ရင်တော့
အချိန်အနည်းငယ်ကြာမှာပဲဖြစ်ပါတယ် Bootloader Unlock ပြုလုပ်လိုက်ရင်
User data များပါ ရှင်းလင်းသွားမှာ ဖြစ်လို့ Process တစ်ခုပြီးဆုံးအောင်စောင့်နေလိုက်ပါ။

၁၄။ ဖုန်းကို Bootloader Unlock ပြုလုပ်ပြီးဖြစ်တဲ့အတွက် Rooting Status နေရာတွင်
မိမိဖုန်း Device က Unlock ဖြစ်လား မဖြစ်ဘူးလား စစ်ဆေးကြည့်လိုက်ပါ။

၁၅။ ဖုန်းခေါ်သည့် နေရာတွင် *#*#7378423#*#* ကိုရိုက်ထည့်ပေးလိုက်ပါ
Service Info >Configuration >Rooting Status> ဆိုပြီး တစ်ချက်ချင်းနှိပ်သွားပါ

၁၆။ အောက်ပါပုံအတိုင်း Bootloader unlocked: Yes ဆိုပြီး
မြင်နေရရင်တော့ သင့်ဖုန်းက Unlock Device ဖြစ်နေပါပြီ။




အားလုံးကိုကျေးဇူးတင်ပါတယ်




ဇူးနစ်(နည်းပညာ)





Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Bootloader Unlock ပြုလုပ်နည်း Reviewed by ဇူးနစ် on 10:28 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.