Top Ad unit 728 × 90

Description of Image

latest News

recent

TWRP နဲ့ Cyanogen Recovery များဖြင့် CM14 ကိုထည့်သွင်းနည်း

TWRP နဲ့ Cyanogen Recovery များဖြင့် CM14 ကိုထည့်သွင်းနည်းကို
Custom Rom ချစ်သူများအတွက် လေ့လာလို့ရအောင်တင်ပေးလိုက်ပါတယ်။

Official က Android 7.0 Nougat ကိုထုတ်ပေးလာပြီဖြစ်ပဲဖြစ်ပါတယ်၊ ဒါပေမယ့်
Android Devices အများစုက Update Version အတွက် အဆင်မပြေသေးပါဘူး။


သတ်မှတ်ထားတဲ့ manufacturers အရတော့ အချို့သော Devices တွေအတွက်
မဖြစ်နိုင်ဘူးပေါ့၊ အဲဒါကိုလည်း ကျနော်တို့အားလုံး သတိထားမိကြတာပဲလေ

ဒါပေမယ့် Device က 1GB RAM သာရှိနေခဲ့မယ်ဆိုရင်တော့ Android 7.0 Nougat ကို
ဘယ် Devices မှာမဆို တင်သုံးနိုင်အောင် dev တွေက ဖန်တီးပေးထားကြပါတယ်။

CyanogenMod ROM ရဲ့နောက်ဆုံးဗားရှင်းကတော့ Android 7.0 Nougat ဖြစ်ပါတယ်
အဲဒါကိုပဲ CyanogenMod 14 a.k.a CM14 သုံးနှုန်းထားကြတာပါ။

CM14 တင်နည်းသည် တစ်ခြား Custom Rom များတင်နည်းများနဲ့ တူပါတယ်၊ ကွဲပြားတာက
Gapps package ပဲဖြစ်ပါတယ် ROM ၏ဗားရှင်းအလိုက်ထည့်သွင်းယူရမှာဖြစ်ပါတယ်။


လိုအပ်ချက်များ
==========
၁။ Custom Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၃။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။

၎။ “official & Unofficial CM14 Rom” File ကိုဒေါင်းလော့ရယူပါ။

၅။ မိမိဖုန်းအတွက် ဖုန်းအတွက် Nougat Gapps ကိုဒေါင်းလော့ယူပါ

၆။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။



ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း



(supports all ARM, ARM64 and x86 devices)



TWRP ဖြင့် CM14 ကိုထည့်သွင်းနည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းထားရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ။

 ၃။ “Official & Unofficial CM14 Rom” နဲ့ Gapps ဖိုင်များကို
 ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး TWRP recovery mode သို့ဝင်လိုက်ပါ၊
TWRP recovery mode တွင် Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၅။ TWRP Recovery Mode တွင် Install Zip > Choose Zip from SD card > သွားလိုက်ပြီး
“Official & Unofficial CM14 Rom” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ။

၆။ Nougat Gapps ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ။

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Android 7.0 Nougat ROM (CM14) ကို
ထည့်သွင်းပြီးပါပြီ။


 
Cyanogen Recovery ဖြင့် CM14 ကိုထည့်သွင်းနည်း
================================
၁။ “Official & Unofficial CM14 Rom” နဲ့ Gappas ဖိုင်များကို
 ဒေါင်းလော့ရယူပြီး internal storage သို့ Copy ကူးထည့်လိုက်ပါ။

၂။ ဖုန်းကို Cyanogen recovery Mode သို့ဝင်လိုက်ပါ။

၃။ Cyanogen recovery Mode တွင် Wipe Data/Factory data reset, များနဲ့
Wipe Cache များကို ရှင်းထုတ်ပေးလိုက်ပါ။

၎။ Main Menu မှ Apply update ကိုနှိပ် > Choose from internal storage ကိုနှိပ်ပါ။

၅။ “Official & Unofficial CM14 Rom” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ။

၆။ Nougat Gapps ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ။

၇။ ပြီးရင် Advance >ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Android 7.0 Nougat ROM (CM14) ကို
ထည့်သွင်းပြီးပါပြီ။




ဇူးနစ်(နည်းပညာ)


www.zunite.org


TWRP နဲ့ Cyanogen Recovery များဖြင့် CM14 ကိုထည့်သွင်းနည်း Reviewed by ဇူးနစ် on 6:33 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.