Top Ad unit 728 × 90

Description of Image

latest News

recent

All Samsung ADB Enable Files များနဲ့ FRP ကို Bypass ပြုလုပ်နည်း (Z3X Box Only)

ဒီပိုစ့်ကို FB မှာ ၀ါသနာတူ ဘော်ဒါတွေ Share ထားကြခြင်းကို
တွေ့မိလို့ မူရင်းဆိုက်ထဲကို ၀င်ပြီး Source တွေလိုက်ဖတ်ကြည့်ပါသေးတယ်။

admin ကတော့ ADB Enable နဲ့ပတ်သက်ပြီး ဘာအကြောင်းအရာမှ
မရေးထားပဲ ဒေါင်းလော့လင့်တွေကိုသာ Model အလိုက်ချပေးထားပါတယ်။

ဒေါင်းလော့လင့်များတွင် ကြည့်လိုက်တော့လည်း 2016 Models အစုံပါဝင်နေပြီး
သူတင်ပေးထားတဲ့ လင့်များကိုလည်း ၀င်ကြည့်မိတယ် အားလုံး အဆင်ပြေပါတယ်။

2016 ခုနှစ်မှာ ဖုန်းလောကကို ကောင်းကောင်း ၀င်မွှေနှောက်သွားတဲ့ FRP lock များ
ပါဝင်နေတဲ့ နာမည်ကြီး ဖုန်းအားလုံးအတွက် Enable ADB Files များကို ဆုံတုန်းရယူထားကြပါ

တင်ပေးထားတဲ့ သူကိုလည်း တကယ်ကျေးဇူးတင်မိတယ် ဒီဖိုင်တွေက $ တန်တဲ့ဟာတွေပါ
ဒီ Enable ADB အကြောင်းကို နားမလည်သေးခင် $ ပေးပြီး စမ်းဖူးတဲ့ ဖုန်းတွေတောင် ရှိသေး...

လိုင်းကောင်းနေရင် ဒီဖိုင်တွေအားလုံးကို သိမ်းဆည်းထားလိုက်ကြပါ အသုံးပြုနည်းကိုတော့
ဖြေးဖြေးရှင်းလေ့လာပါ ပြီးတော့ ဘော်ဒါတွေလည်းအဆင်ပြေအောင် ထပ်ဆင့် Share ပေးလိုက်ကြပါ။

ဒီ ADB Enable Files တွေကိုတော့ Z3x Box ဖြင့် Flash လုပ်ရမှာပါ
Box ပိုင်ဆိုင်ထားကြတဲ့သူတွေအတွက် အကြိုက်ပဲပေါ့ဗျာ


လိုအပ်ချက်များ
===========
၁။ Z3x Box (Key Only)

၂။ Enable ADB Files

၃။ Read the Instuction

 
 
 
 
 Credit: www.gsmhike.com
 
 
 
အသုံးပြုနည်း
==========
၁။ ADB Enable Files ကသက်ဆိုင်ရာဖုန်းအတွက်ရှိနေရပါမည်။
 
၂။ Z3x Box ကိုဖွင့်လိုက်ပါ။

၃။ Model >> Flash >> PA, PDA >> ကိုသွားလိုက်ပြီး
သက်ဆိုင်ရာ ဖုန်းအတွက် Enable ADB File ကိုထည့်ပါ။

၎။ ဖုန်းကို Download Mode ၀င်ပြီး ကွန်ပျူတာတွင် ချိတ်ပါ။

၅။ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဆက်မှု အဆင်ပြေတာနဲ့ Flash လုပ်ပါ။

၆။ Watting ADB device...ok ဆိုပြီး ဖုန်း info များကိုပြပြီး
Process ပြီးးတာနဲ့ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

၇။ Unlock >> ကိုသွားလိုက်ပြီး Reset FRP ဆိုတာကိုနှိပ်လိုက်ပါ
အောက်ပါပုံအတိုင်း Bypass FRP...OK ဆိုပြီးပြနေပါလိမ့်မယ်။


ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာခဲ့ရင်တော့
သင့်ဖုန်းအတွက် Gmail Lock request မတောင်းတော့ပါ။


မှတ်ချက်

ဒီနည်းလမ်းဖြင့် J2 2016 ဖုန်းနဲ့ J710F,FN Model များကို စမ်းသပ်ပြီးသားဖြစ်ပါတယ်
ဒါပေမယ့် အချို့သော သူတွေလည်း အဆင်မပြေကြောင်း ပြောထားကြတာတွေ့ပါတယ်။

နည်းလမ်းကတော့ Official အတိုင်းဖြစ်ပြီး အဆင်ပြေဖို့ မပြေဖို့က အတိအကျ ပြောဆိုဖို့ ခက်ခဲပါတယ်
FRP Lock အတွက် Bypass နည်းလမ်းကတော့ စုံလင်ပါတယ် အဆင်ပြေခဲ့ရင်တော့ ကိုယ့်အတွက် စံပေါ့ဗျာ...


အားလုံးကို ကျေးဇူးတင်ပါတယ်



ဇူးနစ်(နည်းပညာ)




All Samsung ADB Enable Files များနဲ့ FRP ကို Bypass ပြုလုပ်နည်း (Z3X Box Only) Reviewed by ဇူးနစ် on 3:53 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.